မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (ပထမအကြိမ်)
မူကြိုတန်း - ရှင်ကျင့်ဝတ် (ဒုတိယနေ့) မေးခွန်း
၁၃၈၁-ခု၊ ဝါဆိုလပြည့်ကျော် (၄) ရက်၊ (၂၀-၇-၂၀၁၉) စနေနေ့
ခွင့်ပြုချိန်။ ။(၃-နာရီ - မွန်းတည့် ၁၂းဝဝ နာရီမှ ညနေ ၃းဝဝ နာရီအထိ)
၁။ ဆေးမှီဝဲရာ၌ ဆင်ခြင်ပုံပြ ပါဠိကို မှန်ကန်စွာ အနက်ပေးပြခဲ့ပါ။
၂။ လိင် (၁၀)ပါးတို့တွင် နောက်ဆုံးငါးပုဒ်ကို မှန်ကန်စွာ အနက်ပေးပြခဲ့ပါ။
၃။ ခမ္ဘကတဝဂ်အစနှစ်ပုဒ်၊ အဆုံးသုံးပုဒ်တို့ကို မှန်ကန်စွာ အနက်ပေးခဲ့ပါ။
၄။ သက္ကစ္စဝဂ် လေးခုမြောက်၊ ခြောက်ခုမြောက်၊ ကိုးခုမြောက်သိက္ခာပုဒ်တို့ကို မှန်ကန်စွာ အနက်ပေးပြခဲ့ပါ။
၅ ကဗဠဝဂ်အဆုံးငါးပုဒ်ကို အနက်ပေးပြခဲ့ပါ။
၆။ သုရုသုရုဝဂ် အဆုံးနှစ်ပုဒ်၊ ပါဒုကဝဂ်အစသုံးပုဒ်ကို အနက်ပေးပြခဲ့ပါ။
၇။ ကထံ ဝုတ္တာနိ၊ အဘယ်သို့ဟောတော်မူအပ်ကုန်သနည်းဟူမူကား (လ) အာဝါသိက ရဟန်း, သာမဏေတို့ ကျင့်ရာသောဝတ်လည်းကောင်းဟူသော ပေယျာလကို ဖော်ထုတ်၍ ရေးသားပြခဲ့ပါ။
၈။ အာစရိယဝတ္တဉ္စ (လ) စရိတဗ္ဗာနိ၊ ကျင့်အပ်ကုန်၏-ဟူသော ပေယျာလကို ဖော်ထုတ်ရေးသားခဲ့ပါ။
၉။ ပစ္စဝေက္ခဏာ-ဟူသောအဓိပ္ပါယ်ကို ရေးသားပြ၍ ရှင်သာမဏေများနှင့် ပတ်သက်၍ “လိင်ကျသည်” “လိင်ပြန်သည်” ဟူသောစကား အဓိပ္ပါယ်ကိုလည်း ရှင်းပြခဲ့ပါ။
၁၀။ နစ္စ, ဂီတ, ဝါဒိတ တို့၏ အဓိပ္ပါယ်ကို ရေးသားပြ၍၊ ပါဒုကနှင့် ဥပါဟနအထူးကိုလည်း ရေးသားခဲ့ပါ။
တစ်ပုစ္ဆာလျှင် (၁၀)မှတ်စီ
No comments:
Post a Comment