Showing posts with label မူကြိုတန်း. Show all posts
Showing posts with label မူကြိုတန်း. Show all posts

Friday, 20 September 2019

မူကြို-ရှင်ကျင့်ဝတ်, ပထမတိုက်ပတ်, ၁၃၈၁-ခု။

မန္တလေးမြို့  ၊ မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (ပထမအကြိမ်)
မူကြိုတန်း - ရှင်ကျင့်ဝတ် (ဒုတိယနေ့) မေးခွန်း
၁၃၈၁-ခု၊ ဝါဆိုလပြည့်ကျော် (၄) ရက်၊ (၂၀-၇-၂၀၁၉) စနေနေ့
ခွင့်ပြုချိန်။  ။(၃-နာရီ - မွန်းတည့် ၁၂းဝဝ နာရီမှ ညနေ ၃းဝဝ နာရီအထိ)



  ၁။ ဆေးမှီဝဲရာ၌ ဆင်ခြင်ပုံပြ ပါဠိကို မှန်ကန်စွာ အနက်ပေးပြခဲ့ပါ။
  ၂။ လိင် (၁၀)ပါးတို့တွင် နောက်ဆုံးငါးပုဒ်ကို မှန်ကန်စွာ အနက်ပေးပြခဲ့ပါ။
  ၃။ ခမ္ဘကတဝဂ်အစနှစ်ပုဒ်၊ အဆုံးသုံးပုဒ်တို့ကို မှန်ကန်စွာ အနက်ပေးခဲ့ပါ။
  ၄။ သက္ကစ္စဝဂ် လေးခုမြောက်၊ ခြောက်ခုမြောက်၊ ကိုးခုမြောက်သိက္ခာပုဒ်တို့ကို မှန်ကန်စွာ အနက်ပေးပြခဲ့ပါ။
  ၅ ကဗဠဝဂ်အဆုံးငါးပုဒ်ကို အနက်ပေးပြခဲ့ပါ။
  ၆။ သုရုသုရုဝဂ် အဆုံးနှစ်ပုဒ်၊ ပါဒုကဝဂ်အစသုံးပုဒ်ကို အနက်ပေးပြခဲ့ပါ။
 ၇။ ကထံ ဝုတ္တာနိ၊ အဘယ်သို့ဟောတော်မူအပ်ကုန်သနည်းဟူမူကား (လ) အာဝါသိက ရဟန်း, သာမဏေတို့ ကျင့်ရာသောဝတ်လည်းကောင်းဟူသော ပေယျာလကို ဖော်ထုတ်၍ ရေးသားပြခဲ့ပါ။
  ၈။ အာစရိယဝတ္တဉ္စ (လ) စရိတဗ္ဗာနိ၊ ကျင့်အပ်ကုန်၏-ဟူသော ပေယျာလကို ဖော်ထုတ်ရေးသားခဲ့ပါ။
၉။ ပစ္စဝေက္ခဏာ-ဟူသောအဓိပ္ပါယ်ကို ရေးသားပြ၍  ရှင်သာမဏေများနှင့် ပတ်သက်၍ “လိင်ကျသည်” “လိင်ပြန်သည်” ဟူသောစကား အဓိပ္ပါယ်ကိုလည်း ရှင်းပြခဲ့ပါ။
၁၀။ နစ္စ, ဂီတ, ဝါဒိတ တို့၏ အဓိပ္ပါယ်ကို ရေးသားပြ၍၊ ပါဒုကနှင့် ဥပါဟနအထူးကိုလည်း ရေးသားခဲ့ပါ။


တစ်ပုစ္ဆာလျှင် (၁၀)မှတ်စီ

မူကြို-ရှင်ကျင့်ဝတ်, ပထမတိုက်ပတ်, ၁၃၈၁-ခု။

မန္တလေးမြို့  ၊  မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (ပထမအကြိမ်)
မူကြိုတန်း - ရှင်ကျင့်ဝတ် (ပထမနေ့) မေးခွန်း
၁၃၈၁-ခု၊ ဝါဆိုလပြည့်ကျော် (၃) ရက်၊ (၁၉-၇-၂၀၁၉) သောကြာနေ့
ခွင့်ပြုချိန်။  ။(၃-နာရီ - မွန်းတည့် ၁၂းဝဝ နာရီမှ ညနေ ၃းဝဝ နာရီအထိ)

၁။ ကျောင်းအိပ်ရာနေရာ၌ ပစ္စဝေက္ခဏာဆင်ခြင်ပုံပြပါဠိကို မှန်ကန်စွာ ရေးသားပြပါ။
 ၂။ ”ကျင်နာခံခက် (လ) ဖြည့်နိုင်အောင်ဟု သုံးဆောင်မှီဝဲပါသတည်း” ဟူသောဆောင်ပုဒ်ကို ပေယျာလ ဖော်၍ ရေးသားခဲ့ပါ။
  ၃။ ဘိက္ခူနံ အလာဘာယ (လ) ကာတဗ္ဗံ-ဟူသောပါဠိကို ပေယျာလဖော်၍ ရေးသားခဲ့ပါ။
  ၄။ ပရိမဏ္ဍလဝဂ်အဆုံးနှစ်ပုဒ်၊ ဥဇ္ဇဂ္ဃိကဝဂ်အဆုံးသုံးပုဒ်တို့ကို ပါဠိသက်သက်ရေးသားခဲ့ပါ။
  ၅။ န ပလ္လတ္ထိကာယ (လ) ခမ္ဘကတဝဂ္ဂေါ တတိယော-ဟူသော ပါဠိကို ပေယျာလဖော်ထုတ်ရေးသားပြပါ။
  ၆။ ပတ္တသညီ ပိဏ္ဍပါတံ (လ) ဝိဝရိဿာမီတိ သိက္ခာကရဏီယာ-ဟူသောပါဠိကို ပေယျာလဖော်၍ ရေးခဲ့ပါ။
  ၇။ ဆွမ်းစားရာနှင့် ပတ်သက်၍ ပညတ်ထားသော သိက္ခာပုဒ်တို့တွင် နောက်ဆုံးငါးပုဒ်ကို ပါဠိရေးခဲ့ပါ။
  ၈။ တရားဟောရာနှင့် ပတ်သက်၍ ပညတ်ထားသော သိက္ခာပုဒ်တို့တွင် အစ ငါးပုဒ်ကို ပါဠိရေးခဲ့ပါ။
 ၉။ န ဆမာယံ (လ) ပဿာဝံ ဝါ ကရိဿာမီတိ သိက္ခာ ကရဏီယာ-ဟူသော ပါဠိကို ပေယျာလ ဖော်ထုတ်၍ ရေးသားပြခဲ့ပါ။
၁၀။ ဝတ္တံ အပရိပူရေန္တော (လ) ကတွာ နိဗ္ဗာန မေဟိတိ-ဟူသောပါဠိကို ပေယျာလဖော်၍ ရေးသားခဲ့ပါ။

တစ်ပုစ္ဆာလျှင် (၁၀)မှတ်စီ

Wednesday, 10 July 2019

မူကြိုတန်း (၁၃၈၁ ဝါဆိုလဆန်း ၈ )


မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်
အပတ်စဥ်စာမေးပွဲ
မူကြိုတန်း။ ။ဝိနယ,သဒ္ဒါမေးခွန်း
၁၃၈၁-ခု၊ ဝါဆိုလဆန်း (၈)ရက်၊ (၉-၇-၂၀၁၉) အင်္ဂါနေ့
ခွင့်ပြုချိန်။ ။မွန်းတည့် (၁၂)နာရီမှ ညနေ (၃) နာရီအထိ
========================


၁။ ခန္ဓကဝတ္တာနိ  (ပ) ခန္ဓကဝတ္တာနိ-ကို ပါဠိရေးခဲ့ပါ။


၂။ (က) ဝစ္စကုဋိ ဝတ္တဉ္စ၊  
(ခ) အာစရိယဝတ္တဉ္စ
(ဂ) ဝိက္ခိတ္တစိတ္တော နေကဂ္ဂေါ၊ သမ္မာ ဓမ္မံ န ပဿတိ၊ အပဿမာနော သဒ္ဓမ္မံ၊ ဒုက္ခာ န ပရိမုစ္စတိ။-တို့ကို အနက်ပေးခဲ့ပါ။


၃။ ပရိမဏ္ဍလ၌ အဝန်းသုံးပါးကို ရေးပြ၍၊ ကာယပ္ပစာလကသိက္ခာပုဒ်၌ ပါသော ကာယအရကိုလည်း ကောက်ပြပါ။


၄။ အပ္ပသဒ္ဒ, မဟာသဒ္ဒ-မည်ပုံကို ဖြေဆို၍၊ အာပတ်သင့်နိုင်သော ပုဂ္ဂိုလ်များကိုလည်း ရေတွက်ပြပါ။


၅။ တောင်းနည်း (၄)မျိုးကို ပါဠိ+မြန်မာ နှစ်ဘာသာဖြင့် ဖြေဆို၍၊ ဓမ္မံ ဒေသေဿာမိ- ၌ ဓမ္မအရကိုလည်း တိကျစွာ ကောက်ပြပါ။


၆။ ယမေဒန္တဿာဒေသော၊ တေန ဝါ ဣဝဏ္ဏော-သုတ်တို့ကို သုတ်နက်ရေးခဲ့ပါ။


၇။ အောက်ပါတို့တွင် (က) ပုဒ်ဖြတ် (ခ) ပုဒ်စပ်ပြ၍ (ဂ)ကို သန္ဓိရုပ်ကျဥ်းတွက်ပြပါ။
(က) စူဘယံ၊ ဣတိဿ၊ သွဿ။
(ခ) ပဉ္စဟိ+ဥပါလိ၊ နေ+ဧတ္ထ၊ ဗဟု+အာဗာဓော။
(ဂ) မျာယံ

တစ်ပုစ္ဆာလျှင် (၁၀) မှတ်စီ

Saturday, 29 June 2019

မူကြိုတန်း ၁၃၈၁ နယုန်လဆုတ် ၈


မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်
အပတ်စဉ် စာမေးပွဲ
မူကြိုတန်း။   ။ဝိနည်း, သဒ္ဒါမေးခွန်း
၁၃၈၁-ခု၊ နယုန်လပြည့်ကျော် (၈)ရက် (၂၅-၆-၂၀၁၉) အင်္ဂါနေ့
ခွင့်ပြုချိန်- ၃-နာရီ (မွန်းတည့် ၁၂-နာရီမှ ညနေ ၃-နာရီအထိ)

၁။ သက္ကစ္စဝဂ်လာ အနုပညတ်ပါသော သိက္ခာပုဒ်နှင့် ဘောဇနပဋိသံယုတ္တ သိက္ခာပုဒ်တို့တွင် နောက်ဆုံး နှစ်ပုဒ်တို့ကို ပါဠိသက်သက်ရေးခဲ့ပါ။
၂။ သာရုပ္ပသိက္ခာပုဒ်တို့တွင် နောက်ဆုံးနှစ်ပုဒ်နှင့် သက္ကစ္စဝဂ်လာ ရှစ်ခုမြောက် သိက္ခာပုဒ်တို့ကို အနက်ပေးခဲ့ပါ။
၃။ ပါဏာတိပါတ-၌ ပါဏ-အရ ဝေါဟာရ, ပရမတ္ထအားဖြင့် ၂-မျိုးခွဲခြားကောက်ပြ၍ ရှင်သာမဏေ တို့အား လိင်, ဒဏ်သင့်ခြင်းအကြောင်း (၆) ပါးကိုလည်း ပါဠိ, မြန်မာ နှစ်ဘာသာဖြင့် ခွဲခြားဖြေဆိုခဲ့ပါ။
၄။ ဓာရဏ, မဏ္ဍန, ဝိဘူသန-တို့၏အထူးကို ဖြေဆို၍ အဘယ်ကို 'မဟာသယန-မြတ်သောနေရာ'ဟု ခေါ်ပါသနည်း? ဖြေဆိုခဲ့ပါ။
၅။ အဘယ်ကြောင့် 'ဂီတ'ဟု ခေါ်ပါသနည်း ဖြေဆို၍ သေခိယ၌ အာပတ်နာမည်တပ်၍ မဟောသဖြင့် ကျူးလွန်သူ ရဟန်း, သာမဏေတို့အား အပြစ်ရှိ^မရှိကိုလည်း အကြောင်းပြဖြေဆိုခဲ့ပါ။
၆။ လောပဉ္စ တတြာကာရော၊  ဝဂ္ဂန္တံ ဝါ ဝဂ္ဂေ-သုတ်တို့ကို သုတ်နက်ရေးပြပါ။
ရ။ နိဂ္ဂဟိတ်မည်ပုံ,  အဃောသမည်ပုံတို့ကိုရေး၍ စတ္တာရောမေ-ကိုလည်း ဆိုရိုးကျ သန္ဓိရုပ်တွက်ပြပါ။

တစ်ပုစ္ဆာလျှင် (၁၀) မှတ်စီ။

Wednesday, 12 June 2019

မူကြိုတန်း၊ နယုန်လဆန်း (၈)

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်
အပတ်စဉ်စာမေးပွဲ
မူကြိုတန်း။ ။ ရှင်ကျင့်ဝတ်, သဒ္ဒါ မေးခွန်း
၁၃၈၁-ခု၊ နယုန်လဆန်း (၈)ရက်၊ (၁၀-၆-၂၀၁၉) တနင်္လာနေ့
ခွင့်ပြုချိန်။ ။ နေ့ (၁၂) နာရီမှ ညနေ (၃) နာရီအထိ
===

၁။ သမန္နာဂတဿ (ပ) သမန္နာဂတဿ။

၂။ ထောပတ်ကိုဘုဉ်းပေးသော သာမဏေ ဆင်ခြင်ရမည့် ပစ္စဝေက္ခဏာပါဠိကို အနက်မှန်မှန်ပေးခဲ့ပါ။

၃။ ပါဠိသက်သက်ရွတ်ဆိုရုံမျှဖြင့် ပစ္စဝေက္ခဏာ ဆင်ခြင်ရာရောက်ပါသလော ဖြေဆို၍၊ မြတ်ဗုဒ္ဓသည် အဘယ်ကြောင့် ပစ္စဝေက္ခဏာ (၄)မျိုးကို ဟောတော်မုပါသနည်း ဖြေဆိုပါ။

၄။ သေနာသနအပြား (၄)ပါးနှင့် ပရိဘောဂသရုပ် (၄)မျိုးတို့ကို ရေးခဲ့ပါ။

၅. မဂ္ဂဗြဟ္မစရိယအရကို ကောက်ပြ၍၊ ယာပနာယနှင့် ယာတြာစတို့၏ အထူးကိုလည်း ဖြေဆိုခဲ့ပါ။

၆။ ဝဂ္ဂါ ပဉ္စပဉ္စသော မန္တာသုတ်ကို သုတ်နက်ရေး၍၊ ဝဂ်မည်ပုံနှင့် ဝဂ်ဗျည်း (၂၅)လုံးကိုလည်း အစဉ်တကျ ရေတွက်ပြပါ။

တစ်ပုစ္ဆာလျှင် (၁၀) မှတ်စီ

ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်

ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း  အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်