မစိုးရိမ်တိုက်သစ်၌ အပတ်စဉ်ကျင်းပသော ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ မေးခွန်းများနှင့် အဖြေများကို မှတ်တမ်းတင်ထားနိုင်ရန် ဤဘလော့ဂ်ကို တည်ထောင်ပါသည်။
Saturday, 29 June 2019
မူကြိုတန်း ၁၃၈၁ နယုန်လဆုတ် ၈
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်
အပတ်စဉ် စာမေးပွဲ
မူကြိုတန်း။ ။ဝိနည်း, သဒ္ဒါမေးခွန်း
၁၃၈၁-ခု၊ နယုန်လပြည့်ကျော် (၈)ရက် (၂၅-၆-၂၀၁၉) အင်္ဂါနေ့
ခွင့်ပြုချိန်- ၃-နာရီ (မွန်းတည့် ၁၂-နာရီမှ ညနေ ၃-နာရီအထိ)
၁။ သက္ကစ္စဝဂ်လာ အနုပညတ်ပါသော သိက္ခာပုဒ်နှင့် ဘောဇနပဋိသံယုတ္တ သိက္ခာပုဒ်တို့တွင် နောက်ဆုံး နှစ်ပုဒ်တို့ကို ပါဠိသက်သက်ရေးခဲ့ပါ။
၂။ သာရုပ္ပသိက္ခာပုဒ်တို့တွင် နောက်ဆုံးနှစ်ပုဒ်နှင့် သက္ကစ္စဝဂ်လာ ရှစ်ခုမြောက် သိက္ခာပုဒ်တို့ကို အနက်ပေးခဲ့ပါ။
၃။ ပါဏာတိပါတ-၌ ပါဏ-အရ ဝေါဟာရ, ပရမတ္ထအားဖြင့် ၂-မျိုးခွဲခြားကောက်ပြ၍ ရှင်သာမဏေ တို့အား လိင်, ဒဏ်သင့်ခြင်းအကြောင်း (၆) ပါးကိုလည်း ပါဠိ, မြန်မာ နှစ်ဘာသာဖြင့် ခွဲခြားဖြေဆိုခဲ့ပါ။
၄။ ဓာရဏ, မဏ္ဍန, ဝိဘူသန-တို့၏အထူးကို ဖြေဆို၍ အဘယ်ကို 'မဟာသယန-မြတ်သောနေရာ'ဟု ခေါ်ပါသနည်း? ဖြေဆိုခဲ့ပါ။
၅။ အဘယ်ကြောင့် 'ဂီတ'ဟု ခေါ်ပါသနည်း ဖြေဆို၍ သေခိယ၌ အာပတ်နာမည်တပ်၍ မဟောသဖြင့် ကျူးလွန်သူ ရဟန်း, သာမဏေတို့အား အပြစ်ရှိ^မရှိကိုလည်း အကြောင်းပြဖြေဆိုခဲ့ပါ။
၆။ လောပဉ္စ တတြာကာရော၊ ဝဂ္ဂန္တံ ဝါ ဝဂ္ဂေ-သုတ်တို့ကို သုတ်နက်ရေးပြပါ။
ရ။ နိဂ္ဂဟိတ်မည်ပုံ, အဃောသမည်ပုံတို့ကိုရေး၍ စတ္တာရောမေ-ကိုလည်း ဆိုရိုးကျ သန္ဓိရုပ်တွက်ပြပါ။
တစ်ပုစ္ဆာလျှင် (၁၀) မှတ်စီ။
Subscribe to:
Post Comments (Atom)
ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်
ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်
-
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် အပတ်စဉ် စာမေးပွဲ အခြေပြုမူလတန်း။ ။သဒ္ဒါမေးခွန်း ၁၃၈၁-ခု၊ နယုန်လပြည့်ကျော် (၈)ရက် (၂၅-၆-၂၀၁၉) အင်္ဂါနေ့ ...
-
မန္တလေးမြို့ , မစိုးရိမ်တိုက်သစ် စာချတန်း။ ။ အဋ္ဌသာလိနီ အဋ္ဌကထာ ( ဒုတိယနေ့ ) မေးခွန်း ၁၃၈၁ - ခုနှစ်၊ တန်ဆော...
-
မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ် ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်) အခြေပြုမူလတန်း - ဝိနည်း မေးခွန်း ၁၃၈၀-ပြည့်၊ တပို့တွဲလပြည့်ကျော် ...
No comments:
Post a Comment