မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်
အပတ်စဉ်စာမေးပွဲ
ပထမကြီးတန်း။ ။ ကင်္ခါ, ဆန်း မေးခွန်း
၁၃၈၁-ခု၊ နယုန်လဆန်း (၈)ရက်၊ (၁၀-၆-၂၀၁၉) တနင်္လာနေ့
ခွင့်ပြုချိန်။ ။ နေ့ (၁၂) နာရီမှ ညနေ (၃) နာရီအထိ
========================
(ဝိနည်း)
၁။ ဝိကပ္ပေတွာ-ပါဌ်အရ ဝိကပ္ပနာသရုပ်ကို ဝိကပ္ပနာပြုပုံနှင့်တကွ ရေးပြီး၊ ဝိကပ္ပနာပြု, ပစ္စုဒ္ဓိုရ်ပြုသဖြင့် ရရှိအပ်သော အကျိုးတရားတို့ကို အသီးသီး ရေးခဲ့ပါ။
၂။ အကတာနုဓမ္မေန-၌ အနုဓမ္မ-အဓိပ္ပါယ်, အကတာနုဓမ္မအဓိပ္ပါယ်တို့ကို ဖြေဆိုရေးသားပြီး ဥက္ခိတ္တ ရဟန်း, ဥက္ခိတ္တသာမဏေတို့အား သံဃာ့ဘောင်သို့ ပြန်လည်သွတ်သွင်းရာ၌ မည်သည့်ကံတို့ဖြင့် သွင်သွင်းရပါမည်နည်း? ဖြေဆိုခဲ့ပါ။
(ဆန်းမေးခွန်း)
၃။ (က) အနန္တရောဒိတံ ။ပ။ ဘဝိဿရေ။
(ခ ) ဇော န္လာ ။ပ။ ပါဒါကုလကံ။
၄။ ရှေးဆန်းကျမ်းဟောင်းများ ရှိပါလျက် ဝုတ္တောဒယဆန်းကျမ်းသစ် ထပ်မံရေးသားရခြင်း အကြောင်း ကို ဖော်ပြ၍၊ သံယုဂ်၏ အစ လဟု အက္ခရာတိုင်း သံယောဂါဒိဂရု မယူရခြင်းကိုလည်း ပုံစံထုတ်၍ ရှင်းလင်းပြဆိုခဲ့ပါ။
၅။ မည်သို့စီကုံးသောဂါထာကို ဝိသမဂါထာခေါ်ဆိုကြောင်း ဖော်ပြပြီး နာနာနာမောဒိတံ တတော-အရ ဝုတ္တောဒယဆန်းကျမ်းလာ အမည်တို့ကို ကုန်စင်အောင် ဖော်ထုတ်ခဲ့ပါ။
တစ်ပုစ္ဆာလျှင် (၁၀) မှတ်စီ။
မစိုးရိမ်တိုက်သစ်၌ အပတ်စဉ်ကျင်းပသော ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ မေးခွန်းများနှင့် အဖြေများကို မှတ်တမ်းတင်ထားနိုင်ရန် ဤဘလော့ဂ်ကို တည်ထောင်ပါသည်။
Subscribe to:
Post Comments (Atom)
ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်
ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်
-
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် အပတ်စဉ် စာမေးပွဲ အခြေပြုမူလတန်း။ ။သဒ္ဒါမေးခွန်း ၁၃၈၁-ခု၊ နယုန်လပြည့်ကျော် (၈)ရက် (၂၅-၆-၂၀၁၉) အင်္ဂါနေ့ ...
-
မန္တလေးမြို့ , မစိုးရိမ်တိုက်သစ် စာချတန်း။ ။ အဋ္ဌသာလိနီ အဋ္ဌကထာ ( ဒုတိယနေ့ ) မေးခွန်း ၁၃၈၁ - ခုနှစ်၊ တန်ဆော...
-
မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ် ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်) အခြေပြုမူလတန်း - ဝိနည်း မေးခွန်း ၁၃၈၀-ပြည့်၊ တပို့တွဲလပြည့်ကျော် ...
No comments:
Post a Comment