မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်
အပတ်စဉ်စာမေးပွဲ
ပထမလတ်တန်း။ ။ ဝိနည်း, သဒ္ဒါ, ညဝါ, ယမိုက် မေးခွန်း
၁၃၈၁-ခု၊ နယုန်လဆန်း (၈)ရက်၊ (၁၀-၆-၂၀၁၉) တနင်္လာနေ့
ခွင့်ပြုချိန်။ ။ နေ့ (၁၂) နာရီမှ ညနေ (၃) နာရီအထိ
========================
၁။ ဘိက္ခုနီသိက္ခာပုဒ် “သိက္ခာသာဇီဝသမာပန္နော သိက္ခံ အပ္ပစ္စက္ခာယ”စသည် မဟောရကြောင်းကို ဖြေဆို၍ ဥဗ္ဘဇာဏုမဏ္ဍလိကာသိက္ခာပုဒ်ဝယ် ပါရာဇိကခေတ်နှင့် အဋ္ဌဝတ္ထုကာသိက္ခာပုဒ်၌ ဟတ္ထဂ္ဂဟဏ-ဝယ် ဟတ္ထ-အရတို့ကို ရေးသားခဲ့ပါ။
၂။ ဥဿယဝါဒိကာသိက္ခာပုဒ်၏ အခြားဖြစ်သင့်သော နာမည်တစ်မျိုးကို အကြောင်းပြဖြေဆို၍ စောရီဝုဋ္ဌာပိကာ၌ မည်သို့သောသူကို “စောရီ”ဟု ခေါ်ဆိုသည်ကို ဖြေဆိုလျက် စောရီဝုဋ္ဌာပိကာ, ဧကဂါမန္တရဂမန, ဥက္ခိတ္တကသြသာရဏ သိက္ခာပုဒ်တို့၌ ပါရှိသော ဂဏတို့အထူးကို ရေးခဲ့ပါ။
၃။ ဘိက္ခုနီမ၏ ကိုယ်ခန္ဓာ၌ ပါရာဇိကခေတ်, ထုလ္လစ္စဉ်းခေတ်တို့ကို ပါတိမောက်ပါဠိရပ်တို့ဖြင့် အသီးသီးပိုင်းခြားပြ၍၊ ဘိက္ခုတို့ထက်ထူးသော ဘိက္ခုနီတို့၏ သံဃာဒိသေသ် ကုစားပုံကိုလည်း ထိမိသော ပါတိမောက်ပါဠိရပ်တို့ဖြင့် ဖြေဆိုခဲ့ပါ။
၄။ (က) အဗျယီဘောသမာသ်၌ ဝိဘတ္တိဝိဓိသုတ်တို့ကို သုတ်+ဝုတ္တိပါဠိ။
(ခ ) ကွစိသမာသန္တဂတာနမကာရန္တော-သုတ်၌ ကာရသဒ္ဒါအကျိုးပြပါဠိတို့ကို အသီးသီး ရေးပါ။
၅။ ကစ္စည်းဆရာ၏အလိုကျ အဗျယီဘောသမာသ်အပြားတို့နှင့် လိင်တို့ကို သာဓကသုတ်တို့နှင့်တကွ အသီးသီးညွှန်ပြ၍ ဝိစ္ဆာအနက်အားလျော်စွာ ယထာဝုဍ္ဎံ-ကို ဝစနတ္ထပြုပြီးလျှင် အညသ္မာ လောပေါ စ-သုတ်၌ အည-အရကိုလည်း သရုပ်ပေါ်လွင်အောင် ရေတွက်ပြခဲ့ပါ။
၆။ ကာမာဝစရကုသိုလ် ပုညာဘိသင်္ခါရကြောင့်ဖြစ်သော ဝိပါက်ဝိညာဏ်အကျိုးတရားတို့ကို ဘုံအားလျော်စွာ ပဋိသန္ဓေ, ပဝတ္တိအားြဖ်င့ ခွဲခြားဖြေဆို၍ အကြောင်းအကျိုးပြ သင်္ဂဟဂါထာ ကိုလည်း သင်္ချေယျသရုပ်ပေါ်လွင်အောင် အနက်မှန်မှန် ပေးခဲ့ပါ။
၇။ ယမက၏ သဘောအဓိပ္ပါယ်ကို ရေး၍ မူလယမိုက်ဥဒ္ဒေသ၏ပုစ္ဆာအရေအတွက်ကို သင်္ချာမျှ ပြဆိုပြီးလျှင် ယေ ကေစိ ကုသလာ ဓမ္မာ ဓမ္မာ၊ သဗ္ဗေ တေ ကုသလမူလေန ဧကမူလာ-၏ ဝိဘင်းပါဠိနှင့် ဝိဿဇ္ဇနာအမည်တို့ကိုလည်း ဖော်ပြခဲ့ပါ။
၈။ အဗ္ဘန္တရမာတိကာ+ဗာဟိရမာတိကာတို့၏ ဟောပုဒ်အပေါင်းအရေအတွက်သင်္ချာတို့ကို တိကျစွာ ဖော်ပြ၍ စတူဟိ သမ္ပယောဂေါ, စတူဟိ ပဒေဟိ-တို့၌ စတုသင်္ချာတို့၏ သင်္ချေယျသရုပ်တို့ကို ရေတွက်ပြခဲ့ပါ။
တစ်ပုစ္ဆာလျှင် (၁၀) မှတ်စီ။
မစိုးရိမ်တိုက်သစ်၌ အပတ်စဉ်ကျင်းပသော ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ မေးခွန်းများနှင့် အဖြေများကို မှတ်တမ်းတင်ထားနိုင်ရန် ဤဘလော့ဂ်ကို တည်ထောင်ပါသည်။
Subscribe to:
Post Comments (Atom)
ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်
ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်
-
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် အပတ်စဉ် စာမေးပွဲ အခြေပြုမူလတန်း။ ။သဒ္ဒါမေးခွန်း ၁၃၈၁-ခု၊ နယုန်လပြည့်ကျော် (၈)ရက် (၂၅-၆-၂၀၁၉) အင်္ဂါနေ့ ...
-
မန္တလေးမြို့ , မစိုးရိမ်တိုက်သစ် စာချတန်း။ ။ အဋ္ဌသာလိနီ အဋ္ဌကထာ ( ဒုတိယနေ့ ) မေးခွန်း ၁၃၈၁ - ခုနှစ်၊ တန်ဆော...
-
မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ် ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်) အခြေပြုမူလတန်း - ဝိနည်း မေးခွန်း ၁၃၈၀-ပြည့်၊ တပို့တွဲလပြည့်ကျော် ...
No comments:
Post a Comment