Saturday, 29 June 2019

ပထမငယ်တန်း ၁၃၈၁ နယုန်လဆုတ် ၈)

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်
အပတ်စဉ် စာမေးပွဲ
ပထမငယ်တန်း။   ။သဒ္ဒါ, သင်္ဂဟမေးခွန်း
၁၃၈၁-ခု၊ နယုန်လပြည့်ကျော် (၈)ရက် (၂၅-၆-၂၀၁၉) အင်္ဂါနေ့
ခွင့်ပြုချိန်- ၃-နာရီ (မွန်းတည့် ၁၂-နာရီမှ ညနေ ၃-နာရီအထိ)

အောက်ပါတို့ကို ပါဠိအာဂုံ ဖြေဆိုပါ။
(က) အမည်းသက်သက်သိုးမွေးကို လိုအပ်သည်ထက်ပို၍ ယူသောရဟန်း၏ အပြစ်ပြသိက္ခာပုဒ်။
(ခ ) နန္ဒာဒီဟိ ယု (ပ) တိဋ္ဌန္တိ တသ္မိန္တိ ဋ္ဌာနံ။
(ဂ ) တတ္ထ ဟိ (ပ) တတ္ထ။
၂။ သင်္ကန်းကာလကို ကထိန်ခင်း^မခင်းအားလျော်စွာ ဖြေဆို၍၊ ဥပက္ခဋသိက္ခာပုဒ် နှစ်ခုအထူးကိုလည်း ဖြေဆိုပါ။
၃။ အဓိဋ္ဌာန်တင်လောက်သည့် သင်္ကန်းပမာဏကို ဖြေဆို၍၊ နိသီဒိုင်အခင်းနှင့် နိသီဒိုင်သင်္ကန်း အထူးကိုလည်း ဖြေဆိုပါ။
၄။ သံဟနာညာယ ဝါ ရော ဃော-သုတ်၌ အညအရ, အညအပါဒါန်အရကို ပုံစံထုတ်ကောက်ပြ၍၊ ရမှိ ရန္တော ရာဒိနော-သုတ်ကိုလည်း သုတ်နက်နှစ်နည်း ပေးပြခဲ့ပါ။
၅။ အောက်ပါတို့ကို ကိတ်ရုပ်ကျဉ်း စီရင်ပြပါ။
(က) ဘယဒဿဝီ (ခ) သင်္ခေါ။
၆။ အပ္ပနာဝီထိဖြစ်ပုံကို ရေး၍၊ ဒွတ္တိံသ သုခပုညမှာ၊ သုခိတ ကြိယတော အဋ္ဌ။-တို့၌ ဒွတ္တိံသ-အရ, အဋ္ဌ-အရတို့ကိုလည်း တိကျစွာ ကောက်ပြပါ။
၇။ အတိဣဋ္ဌာရုံ၌ “ဝိပါက်လည်းအမှန် ဇောလည်းအမှန်” ဖြစ်ပုံကို ရေး၍၊ အနိဋ္ဌာရုံ, ဣဋ္ဌမဇ္ဈတ္တာရုံတို့၌ “ဝိပါက်လည်းအမှန် ဇောလည်းအမှန်” ဖြစ်ပုံပြ သင်္ဂဟစကားရပ်ကိုသာ နိသျကျကျ အနက်ရေးခဲ့ပါ။

တစ်ပုစ္ဆာလျှင် (၁၀) မှတ်စီ။

No comments:

Post a Comment

ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်

ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း  အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်