Saturday, 29 June 2019

ပထမလတ်တန်း ၁၃၈၁ နယုန်လဆုတ် ၈)

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်
အပတ်စဉ် စာမေးပွဲ
ပထမလတ်တန်း။   ။သဒ္ဒါ-စသည်မေးခွန်း
၁၃၈၁-ခု၊ နယုန်လပြည့်ကျော် (၈)ရက် (၂၅-၆-၂၀၁၉) အင်္ဂါနေ့
ခွင့်ပြုချိန်- ၃-နာရီ (မွန်းတည့် ၁၂-နာရီမှ ညနေ ၃-နာရီအထိ)

၁။ (က) မိဿကတပ္ပုရိသသညာသုတ်၊ သုဒ္ဓတပ္ပုရိသသညာသုတ်တို့၏ သုတ်, ဝုတ္တိတို့ကိုလည်းကောင်း              (ခ) နိဂြောဓပရိမဏ္ဍလောဣဝ (ပ) နိဂြောဓပရိမဏ္ဍလော-ကို ပေယျာလဖော်ထုတ်၍လည်းကောင်း ပါဠိသက်သက်ရေးခဲ့ပါ။
၂။ ကမ္မဓာရည်းသမာသ်အရာ “ပုမ္ဘာဝါတိဒေသ”ပြုရာတွင် ရှေ့ပုဒ်, နောက်ပုဒ်တို့၌ ရှိသင့်သော အင်္ဂါ လက္ခဏာတို့ကို တိကျစွာ ဖော်ပြ၍ ကု-နိပါတ်ပုဒ်ကို ကာ-ပြုစီရင်ခြင်း၌ နိစ္စဝိဓိ+ အနိစ္စဝိဓိတို့ကိုလည်း ပိုင်းခြားသတ်မှတ်ပြခဲ့ပါ။
၃။ နိစ္စဝိဓိ+ အနိစ္စဝိဓိအားလျှော်စွာ ကာလဝဏံ၊ ကာပုရိသာတို့ကို ဝိဂ္ဂဟပြ၍ ယင်းပုံစံတို့အား ကမ္မဓာရည်သမာသ်ကြံဆလျှက်အနက်မှန်မှန်ပေးပြပြီးလျှင် ဂင်္ဂါနဒီကိုလည်း လျဉ်းပါး၍ သမာသ်ရုပ် အကျဉ်းစီရင်ခဲ့ပါ။
၄။ အနာဂတ်အကျိုးတရားတို့၏ (က) ဘဝကာလ (ခ) မုချ+ ဥပစာရတရားတို့ကို သင်္ဂဟသာဓကတို့ဖြင့် အသီးသီး ပိုင်းခြားဝေဘန်ပြီး၊ အာသေဝန၏ ပစ္စည်း+ ပစ္စယသတ္တိအားလျော်စွာ ပစ္စည်း, ပစ္စယုပ္ပန်, ပစ္စယသတ္တိပြ သင်္ဂဟဂါထာကိုလည်း အနက်မှန်မှန်ပေးပြပါ။
၅။ ယေဝါ ပန ကုသလမူလကာ၊ သဗ္ဗေ တေ ဓမ္မာ ကုသလာ-ကို ဝိဘင်းထုတ်၍  ဝိဘင်းဝိသဇ္ဇနာ အမည်တို့ကို ညွှန်ပြပြီးလျှင် အကုသလပဒ၌ ဟောကြားအပ်သော တရားတို့ကိုလည်း အဟိတ် အကုသိုလ်တရား၊ သဟိတ် အကုသိုလ်တရားအားဖြင့် ခွဲခြားဖြေဆိုခဲ့ပါ။
၆။ ပါဠိတော်နည်း ပဋိစ္စသမုပ္ပါဒဘေဒ (၂၈) ပါးတို့ကို အကြောင်းအသီးသီးပြ၍ အင်္ဂါ (၁၂) ပါး အတွင်းသို့ သွင်းပြပြီးလျှင် ရူပဘဝကိုလည်း ပထမနယနိဒ္ဒေသနှင့်အညီ သင်္ဂဟိတပုစ္ဆာ-ဝိဿဇ္ဇနာပါဠိမျှ ရေးသားခဲ့ပါ။
၇။ ဘိက္ခုသပိတ်နှင့် ဘိက္ခုနီသပိတ်အထူးကို ရှင်းလင်းဖြေဆို၍ နိဿဂ္ဂိထိုက်သော ပစ္စည်းဝတ္ထုများ ဝိနည်းစည်းကမ်းအတိုင်း စွန့်ပြီးသည့်အခါ ပေးရမည့်ဌာနတို့ကို ဖော်ပြခဲ့ပါ။

တစ်ပုစ္ဆာလျှင် (၁၀) မှတ်စီ။

No comments:

Post a Comment

ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်

ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း  အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်