မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်
အပတ်စဉ်စာမေးပွဲ
ပထမငယ်တန်း။ ။ ဝိနည်း, သဒ္ဒါ, သင်္ဂဟ မေးခွန်း
၁၃၈၁-ခု၊ နယုန်လဆန်း (၈)ရက်၊ (၁၀-၆-၂၀၁၉) တနင်္လာနေ့
ခွင့်ပြုချိန်။ ။ နေ့ (၁၂) နာရီမှ ညနေ (၃) နာရီအထိ
======================
အောက်ပါတို့ကို ပါဠိအာဂုံဖြေဆိုပါ။
၁။ (က) အကာလသင်္ကန်းဖြစ်ပေါ်လာရာ၌ မည်သို့ မည်ပုံ ကျင့်ဆောင်ရမည်ကိုပြသော သိက္ခာပုဒ်
(ခ) တုမှိ (ပ) ဝိဟရတီတိ ဝိဟာရော။
(ဂ) ယာဝ တဒါရမ္မဏုပ္ပါဒါ ပန (ပ) တတော ပရံ ဘဝင်္ဂပါတောဝ ဟောတိ။
၂။ ကာရကနှင့် သာဓန အထူးကို ရေး၍၊ အမည်ဟောပုဒ်အားလုံးနောင် အပစ္စည်းသက်၍ နူလာနိုင် မလာနိုင်ကိုလည်း ဖြေဆိုပါ။
၃။ တန္တဝါယော-ကို ကိတန္တသမာသ်ရုပ်တွက် ပြခဲ့ပါ။
၄။ ကထိန်အာနိသင်ငါးပါးနှင့် အတိရေကစီဝရ အဓိပ္ပါယ်ကို ဖြေဆို၍၊ ဇာတိသင်္ကန်း (၆)ထည် ကိုလည်း ဖြေဆိုပါ။
၅။ ဝိသယပ္ပဝတ္တိ (၆)ပါးကို ဒွါရအားလျော်စွာ ခွဲခြားပြ၍၊ အတိမဟန္တာရုံ စက္ခုဒွါရဝီထိကိုလည်း ပုံစံမျှ ချပြပြီး၊ ယင်းဝီထိ၌ပါသော စိတ်သရုပ်ကိုလည်း သာမည ဝိတ္ထာရ ဝိသေသအားဖြင့် ရေတွက်ပြပါ။
၆။ အတိမဟန္တာရုံ စက္ခုဒွါရဝီထိဖြစ်ပုံပြ ပါဠိတို့တွင် ကာမဇော (၇)ကြိမ် စောပုံပြ သင်္ဂဟစကားရပ် ကိုသာ နိသျကျကျ အနက်ပေးပြပါ။
တစ်ပုစ္ဆာလျှင် (၁၀) မှတ်စီ။
မစိုးရိမ်တိုက်သစ်၌ အပတ်စဉ်ကျင်းပသော ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ မေးခွန်းများနှင့် အဖြေများကို မှတ်တမ်းတင်ထားနိုင်ရန် ဤဘလော့ဂ်ကို တည်ထောင်ပါသည်။
Subscribe to:
Post Comments (Atom)
ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်
ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်
-
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် အပတ်စဉ် စာမေးပွဲ အခြေပြုမူလတန်း။ ။သဒ္ဒါမေးခွန်း ၁၃၈၁-ခု၊ နယုန်လပြည့်ကျော် (၈)ရက် (၂၅-၆-၂၀၁၉) အင်္ဂါနေ့ ...
-
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် အပတ်စဉ်စာပေးပွဲ စာချတန်း ။ ။ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ(ပထမနေ့)မေးခွန်း ၁၃၈၁-ခု၊ ကဆုန်လကွယ် (၂-၆-၂၀၁၉) တန...
-
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် အပတ်စဉ်စာပေးပွဲ စာချတန်း ။ ။ ဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာ(ပထမနေ့)မေးခွန်း ၁၃၈၁-ခု၊ ကဆုန်လကွယ် (၂-၆-၂၀၁...
No comments:
Post a Comment