Wednesday, 10 July 2019

ပထမလတ်တန်း ၁၃၈၁ ဝါဆိုလဆန်း ၈)


မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်
အပတ်စဉ် လေ့ကျင့်ခန်းစာမေးပွဲ
 ပထမလတ်တန်း။ ။ဝိနည်း,သဒ္ဒါ စသည်
 ၁၃၈၁-ခုနှစ်၊ ဝါဆိုလဆန်း-၈ ရက်၊ (၉-၇-၂၀၁၉) အင်္ဂါနေ့)
 ခွင့်ပြုချိန်။ ။၃-နာရီ(နေ့လည် ၁၂-နာရီ မှ ညနေ ၃-နာရီ အထိ)
+ + (0) + +
============================================================
၁။ လသုဏ-အရ ယူရမည့်ကြက်သွန်နှင့် မယူရမည့်ကြက်သွန်တို့ကို ကောက်ပြ၍ ဂိရဂ္ဂသမဇ္ဇ
သိက္ခာပုဒ်၌ နစ္စ, ဂီတ ဝါဒိတ-တို့၏ အရကို ကောက်ပြခဲ့ပါ။

 ၂။ ဒုဂ္ဂဟိတ ဒူပရိတ-အဓိပ္ပါယ်ကို ဖြေဆို၍ နဂ္ဂ-သိက္ခာပုဒ်ဝယ် ဖုံးကွယ်ခြင်း သုံးမျိုး တို့ကို
ပြည့်စုံစွာ ဖော်ပြခဲ့ပါ။

၃။ အောက်ပါတို့ကို ပေယျာလဖော်ထုတ်၍ ပါဠိရေးပါ။
(က) အသိစ ဓမ္မဉ္စ ( ပ ) ဧဝံ ခုဒ္ဒဇန္တကတ္တေ။ ( ခ ) ပီဏ ဂဏ္ဍဝဒန ထနူရုဇဿနာတိ ( ပ ) တုလျာဓိကရဏ ဗဟုဗွီဟိ။
( ဂ ) အနန္တဉာဏာတိ ( ပ ) အနန္တဉာဏာ။

 ၄။ အသတ္တဂေါဒါဝရံ-ကို အစိတ်အပေါင်း ဝိဂြိုဟ်ဝစနတ္ထပြုပြီးလျှင် အပေါင်းပုဒ်၌
ဖြစ်သင့်သမျှ အကြောင်းပြလျက် သမာသ်အမည်အသီးသီးပေး၍ အစိတ်ပုဒ်ကိုသာ အကျဉ်းအားဖြင့် သမာသ်ရုပ် စီရင်ခဲ့ပါ။
၅။သဟဇာတကမ္မနှင့် နာနက္ခဏိကကမ္မတို့၏ ကျေးဇူးပြုတတ်သော သတ္တိ သဘော တို့ကို ဖြေဆို၍ နာနက္ခဏိက ကမ္မမျိုး ပကတူပနိဿယ၏ ပစ္စည်း, ပစ္စယုပ္ပန် တရားတို့ကိုလည်း
ပြည့်စုံစွာ ဖော်ပြခဲ့ပါ။

 ၆။ မူလယမိုက်ကျမ်း ဥဒ္ဒေသ၌ပုစ္ဆာ အရေအတွက်ကို သင်္ချာမျှ ဖော်ပြ၍ အဟိတ်နာမမူလ
တရားနှင့် သဟိတ်နာမမူလ တရားတို့ကို တိကျစွာ သတ်မှတ်ပြပြီးလျှင် နိဗ္ဗာန်၏
နာမ်အမည်ရခြင်းအကြောင်းကိုလည်း ဖြေဆိုခဲ့ပါ။

 ၇။ ပထမနယနိဒ္ဒေသ၌ ဟောတော်မူအပ်သော အဗ္ဗန္တရမာတိကာ ဟောပုဒ်အပေါင်းတို့ကို
ပါဠိတော်နည်း, အဋ္ဌကထာနည်းတို့ဖြင့် တိကျစွာ သင်္ချာမျှ သတ်မှတ်ဖော်ပြ၍ ကုသလာဓမ္မာ-ဟောပုဒ် တရားကိုလည်း ပထမနယနိဒ္ဒေသနှင့်အညီ သင်္ဂဟိတပုစ္ဆာ+ ဝိသဇ္ဇနာ ပါဠိမျှ ရေးသားခဲ့ပါ။

တစ်ပုစ္ဆာလျှင် (၁၀) မှတ်စီ။

No comments:

Post a Comment

ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်

ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း  အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်