Wednesday, 10 July 2019

ပထမကြီးတန်း ၁၃၈၁ ဝါဆိုလဆန်း ၈)


မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်
လေ့ကျင့်ခန်းစာမေးပွဲ
ပထမကြီးတန်းပုစ္ဆာ
 ၁၃၈၁-ခုနှစ်၊ ဝါဆိုလဆန်း (၈)ရက်၊ (၉၊ ၇၊ ၂၀၁၉) အင်္ဂါနေ့
 ခွင့်ပြုချိန်။ ။ ၃-နာရီ (နေ့လည် ၁၂-နာရီ မှ ညနေ ၃-နာရီ အထိ)
===============================================
၁။ (က) ပတ္တာရေ ။ပ။ ကတေ ဂရု။
(ခ) သိယာ ဝိသေသနာပေက္ခံ ။ပ။ ပါဒပော် ရုဟံ ပိ စ။

 ၂။ အရိယာဂါထာ၏ ရှေ့နောက်ထက်ဝက် လက္ခဏာတို့ကို ပြောင်းပြန်လှန်၍ စီကုံးသော်
မည်သည့်ဂါထာ ဖြစ်သည်ကို ဖော်ပြပြီး၊ ဝေတာလီဂါထာ၏ လေးပါဒတို့အဆုံး ဂရုတစ်လုံး
တိုး၍ စီကုံးက မည်သည့်ဂါထာ ဖြစ်သည်ကိုလည်း တိကျစွာ ညွှန်ပြပါ။

 ၃။ ပဝတ္တကဂါထာ စီကုံးရာဝယ် သမပါဒ, အသမပါဒတို့ ထပ်တူညီမျှဖြစ်အောင် စီကုံးပုံကို ရေးပြီး၊
ဝါနဝါသိကာဂါထာ၏ စတုတ္ထဂိုဏ်းဌာန၌ နေသင့်သော ဂိုဏ်းကို အကြောင်းနှင့်တကွ မှတ်သား ပြခဲ့ပါ။

၄။သမ္မဇာနမုသာဝါဒေ-၌ ဝါဒသရုပ်ကို ပြည့်စုံအောင် ဖြေဆို၍၊ ဩမသဝါဒသိက္ခာပုဒ်၌ အဆဲခံရမည့်
ရဟန်းအရကို ဖော်ထုတ်ပြပြီး၊ ပဒသော ဓမ္မံ ဝါစေယျ-၌ ပဒသော ဓမ္မ-သရုပ်ကိုလည်း စုက္ကိယ အနေအားဖြင့် အဓိပ္ပာယ်နှင့်တကွ ရှင်းလင်း တင်ပြခဲ့ပါ။

၅။ ပဌမသဟသေယျသိက္ခာပုဒ်၌ အနုပသမ္ပန္နအရကို တိကျစွာ ဖြေဆို၍၊ ဒုတိယသဟသေယျ
သိက္ခာပုဒ်ဝယ် ဒုက္ကဋဝတ္ထုထိုက်သော မာတုဂါမ-အရတို့ကို ဖြေဆိုပြီး၊ ဘူတာရောစနသိက္ခာပုဒ်၌ ဥတ္တရိမနုဿဓမ္မ-ဝယ် မနုဿ-အရကိုလည်း တိကျစွာ ဖြေဆိုခဲ့ပါ။

၆။ အောက်ဖော်ပြပါ အရတရားတို့ကို တိကျစွာ ကောက်ပြပါ။ (က) ဝိပ္ပယုတ္တပစ္စည်း၏ ဗျာ+ဗျာ-၌ ပဋိသန္ဓေအခါ ကတ္တားပုဒ် အရတရား။ (ခ) အဓိပတိပစ္စည်း၏ ဗျာ+ဗျာ-၌ သမ္ပဒါန်ပုဒ် အရတရား။
(ဂ) အာဟာရပစ္စည်း၏ ကု+ဗျာ-၌ ကရိုဏ်းပါဌ် အရတရား။

 ၇။ ဝိပါကပစ္စည်း၏ ပဋိသန္ဓေအခါ ပစ္စည်း, ပစ္စယုပ္ပန်တရားတို့၏ ကျေးဇူးပြုပုံပြ ပဌာန်းပါဠိတို့ကို
တိကျစွာ ရေးသားပြီး၊ အဓိပတိပစ္စည်း၏ ပစ္စယုပ္ပန်တရားတို့တွင် ကမ္မဇရုပ်မယူရခြင်း အကြောင်း ကိုလည်း ဖြေဆိုပါ။


မှတ်ချက်။ ။ တစ်ပုစ္ဆာလျှင် (၁၀)မှတ်စီ

No comments:

Post a Comment

ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်

ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း  အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်