Friday, 20 September 2019

ငယ်-သင်္ဂဟ, ပထမတိုက်ပတ်, ၁၃၈၁-ခု။

မန္တလေးမြို့  ၊ မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (ပထမအကြိမ်)
ပထမငယ်တန်း - အဘိဓမ္မတ္ထသင်္ဂဟ မေးခွန်း
၁၃၈၁-ခု၊ ဝါဆိုလပြည့်ကျော် (၅) ရက်၊ (၂၁-၇-၂၀၁၉) တနင်္ဂနွေနေ့
ခွင့်ပြုချိန်။  ။(၃-နာရီ - မွန်းတည့် ၁၂းဝဝ နာရီမှ ညနေ ၃းဝဝ နာရီအထိ)


၁။ ဝီထိပိုင်း၌ ဝါရလေးပါးနှင့် အာရုံလေးပါးကို ပြဆိုသော စုဏ္ဏိယစကားရပ်များကို ပါဠိရေးခဲ့ပါ။
၂။ ဣန္ဒြေ (၂၂)ပါးတို့တွင် မဂ်ဉာဏ်လေးပါးနှင့် ဖိုလ်ဉာဏ်လေးပါးကို အရကောက်သော ဣန္ဒြေတို့ကို ပြဆိုသော စုဏ္ဏိယစကားရပ်များကို အနက်ရေးခဲ့ပါ။
၃။ အဘိဓမ္မတ္ထနှင့် ပရမတ္ထတို့ အရတူ/မတူ သင်္ဂဟသာဓကထောက်၍ ရှင်းလင်းဖြေဆိုပြီး၊ အမြဲတမ်း(တပြိုင်နက်) စေတသိက်အများဆုံးယှဉ်ရာစိတ်ကိုလည်း ဖော်ပြခဲ့ပါ။
၄။ မနောဒွါရ၌သာဖြစ်၍ ပဉ္စဒွါရ၌မဖြစ်သောစိတ်တို့ကို ဖြေဆို၍၊ ဟဒယဝတ္ထုကို ဧကန်မှီသော စိတ်တို့ကို လည်း ရေတွက်ပြခဲ့ပါ။
၅။ အောက်ပါတို့ကို တိကျစွာ ဖြေဆိုခဲ့ပါ။
(က)ဥဒ္ဓစ္စသဟဂုတ်စိတ်မဖြစ်နိုင်သောပုဂ္ဂိုလ်၊
(ခ)ဒေါသမူဒွေးမဖြစ်နိုင်သောပုဂ္ဂိုလ်၊
(ဂ)ရဟန္တာသန္တာန်၌သာ မဖြစ်နိုင်သော အသောဘနစိတ်။
၆။ အိပ်ပျော်နေသူ၏ “ဟောက်သံ”၌ ပါဝင်သော ရုပ်တရားနှင့် ကလာပ်အမည်များကို သာဓကပြ ဖြေဆိုပြီး၊ ကိလေသာ မမည်သော အကုသိုလ်တရားများကိုလည်း ရေးသားဖြေဆိုခဲ့ပါ။


တစ်ပုစ္ဆာလျှင် (၁၀) မှတ်စီ။

No comments:

Post a Comment

ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်

ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း  အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်