မန္တလေးမြို့၊
မစိုးရိမ်တိုက်သစ်
အပတ်စဉ်လေ့ကျင့်ခန်း
စာမေးပွဲ
စာချတန်း။ ။
ပါရာဇိကကဏ္ဍအဋ္ဌကထာမေးခွန်း (ဒုတိယနေ့)
၁၃၈၁-ခုနှစ်၊ နတ္တော်လပြည့်ကျော် (၁၄)ရက်၊ (၂၅-၁၂-၂၀၁၉) ဗုဒ္ဓဟူးနေ့
ခွင့်ပြုချိန်။ ။ ၄-နာရီ (နေ့လည် ၁၂-နာရီ မှ ညနေ ၄-နာရီအထိ)
……………………………………………………….
(က) န
သုကရာ ဥဉ္ဆေန ပဂ္ဂဟေန ယာပေတုန္တိ ပဂ္ဂဟေန ယော ဥဉ္ဆော, တေန
ယာပေတုံ န သုကရာ။
(ခ) ပတ္တံ
ဂဟေတွာ ယံ အရိယာ ဥဉ္ဆံ ကရောန္တိ၊ ဘိက္ခာစရိယံ စရန္တိ၊ တေန ဥဉ္ဆေန ယာပေတုံ န သုကရာတိ
ဝုတ္တံ ဟောတိ။
(ဂ) တဒါ
ကိရ တတ္ထ သတ္တဋ္ဌဂါမေ ပိဏ္ဍာယ စရိတွာ ဧကဒိဝသမ္ပိ ယာပနမတ္တံ န လဘန္တိ။
၁။
သံဝဏ္ဏေတဗ္ဗပါဠိတော်တို့ကို သံဝဏ္ဏနာနှင့် အညီ အနက်မှန်ကန်စွာ ပေးပြပါ။
၂။ (ခ)ဝါကျကို အာဘောဂါယုတ္တစောဒနာကျမ်းတက်(ဂ)ဝါကျကိုဌပနာတိကပုစ္ဆာ
ကျမ်း
တက်ပြပါ။
၃။ (ခဂ)ဝါကျတို့ကို အကြောင်းပြကာ
ဝါကျအမည်များပေးခဲ့ပါ။
၄။ သတ္တဋ္ဌမာသာ-ပုဒ်ကို ရူအလို ဝိဂ္ဂဟပြု၍
ဉာသ်နည်းကောက်ပြခဲ့ပါ။
၅။ ဥဉ္ဆ၊ ပဂ္ဂဟ၊ ပတ္တ၊ ဂါမ၊ ပိဏ္ဍ-ပုဒ်တို့ကို ဓာတု ပစ္စယ
လိင်္ဂ ဂဏ ကာရန္တ-တို့ဖြင့် ဝေဖန်ပြပါ။
၆။ (က ခ) ဝါကျတို့ကို အာဘော်ဖော်၍
သံဝဏ္ဏနာအမည်မျှပေးခဲ့ပါ။
၇။ န သုကရာ/ အသုကရာ-ဟု ပါဌ်နှစ်ထွေရှိရာ သင့်ရာပါဌ်ကို ယုတ္တိပြ၍
ဆုံးဖြတ်ပြပါ။
၈။ သတ္တဋ္ဌဂါမေ-၌ ဖြစ်သင့်သော နယူပစာကို
ဆိုရိုးကျရေးသားခဲ့ပါ။
၉။
အောက်ပါ မြန်မာစကားတို့ကို ပါဠိစုဏ္ဏိယသီကုံးပြခဲ့ပါ။
စပါးရောင်းကုန်သောသူတို့သည် ‘‘ငါတို့သည်
အလုံးစုံကုန်သော လူတို့အား ချီးမြှောက်ခြင်းကို ပြုကုန်အံ့’’ ဤသို့
ကြံစည်ကုန်၍ စပါးခြင်ခြင်းကို ပြုရာအရပ်၌ စပါးခြင်သူကို နေစေကြကုန်၍ တစ်ဘက်သော
နံပါး၌ စာရေးတံလက်မှတ်ကိ ရေးပေးသော စာရေးကို နေစေကုန်ပြီ။
၁၀။ စရန္တိ-၌ ဓာတ်အရကို ကိုယ်ပြု၍ အာဝတ္တဟာရ နေတ္တိနည်း
ထုတ်ပြခဲ့ပါ။
တစ်ပုစ္ဆာလျှင် (၁၀) မှတ်စီ။
အပတ်စဉ်လေ့ကျင့်ခန်း
စာမေးပွဲ
စာချတန်း။ ။
ပါရာဇိကကဏ္ဍအဋ္ဌကထာ အဖြေမှန် (ဒုတိယနေ့)
၁၃၈၁-ခုနှစ်၊ နတ္တော်လပြည့်ကျော် (၁၄)ရက်၊ (၂၅-၁၂-၂၀၁၉) ဗုဒ္ဓဟူးနေ့
ခွင့်ပြုချိန်။ ။ ၄-နာရီ (နေ့လည် ၁၂-နာရီ မှ ညနေ ၄-နာရီအထိ)
……………………………………………………….
၁။ ပဂ္ဂဟေန၊ လက်တို့ဖြင့် ကိုင်အပ်သော သပိတ်ဖြင့် ( ဝါ ) ဆွမ်းကို
ခံကြောင်းဖြစ်သော သပိတ်ဖြင့်( ဝါ ) သပိတ်ကို ကိုင်ခြင်းဖြင့်။ ဥဉ္ဆေန၊
ဆွမ်းခံခြင်းဖြင့် ။ ယာပေတုံ၊ မျှတခြင်းငှါ ။ သုကရာ၊ ချမ်းသာသဖြင့် ပြုအပ်သည်။ (ဝါ) ပြုလွယ်သည်။
န ဟောတိ၊ မဖြစ်။
၂။ (ခ)ဝါကျ အာဘောဂါယုတ္တစောဒနာကျမ်းတက်
အရှင်အဋ္ဌကထာဆရာ ဆရာသည် (က)ဖြင့် ပဂ္ဂဟေန-ကို ဥဉ္ဆေန-၌
ကရိုဏ်း, ကရိုဏ်း၏ ကြိယာအဖြစ်ဖြင့် စာစပ်ရမည်နှင့် ဥဉ္ဆေန-ကို
ယာပေတုံ-၌ ကရိုဏ်း, ကရိုဏ်း၏ကြိယာအဖြစ်ဖြင့် စာစပ်ရမည်၏အဖြစ်ကို
ဖွင့်ဆိုတော်မူ၏။
ပဂ္ဂဟအရ ချီးမွန်းခြင်းကြိယာ(ဝါ)အားထုတ်ခြင်းကြိယာကို
ယူအပ်ပါသလော။
အဘယ်ကို
ယူအပ်ပါသနည်း။ ရှာမှီးခြင်းဟူသည် သင်္ကန်းကို ရှာမှီးပါသလော။ အဘယ်ကို
ရှာမှီးပါသနည်း။ ။
အကယ်၍ ပဂ္ဂဟအရနှင့် ရှာမှီးခြင်းတို့ကို မပြဆိုချေသော် ဆရာ့အား
အဗျာပိတ, အပရိပုဏ္ဏဒေါသ သင့်ရောက်ရာ၏။ ဤသို့ သူစောဒနာဖွယ်ရှိ၍ ထိုစောဒနာကို
သောဓနာတော်မူလိုသော အဋ္ဌကထာဆရာသည် (ခ)ဝါကျကိုမိန့်၊
အဓိပ္ပါယ်ကား - ခ-ဝါကျဖြင့် ပဂ္ဂဟအရ ချီးမွမ်းခြင်း (ဝါ) အားထုတ်ခြင်းကြိယာကို
ယူအပ်သည်ကား မဟုတ်ပါ၊ စင်စစ်သော်ကား ပဂ္ဂဟအရ ပဂ္ဂယှတီတိ ပဂ္ဂဟော, ပဂ္ဂယှတိ
ဧတေနာတိ ပဂ္ဂဟော, ပဂ္ဂယှနံ ပဂ္ဂဟော-ဟု
ဝစနတ္ထပြု၍ သပိတ်ကို အရကောက်ယူရမည်၏ အဖြစ်ကိုလည်းကောင်း၊ ရှာမှီးခြင်းဟူသည်
သင်္ကန်းကို ရှာမှီးခြင်းမဟုတ်၊
ဆွမ်းကိုရှာမှီးခြင်းပင်တည်းဟူသောအဓိပ္ပါယ်ကိုလည်းကောင်း ငါပြဆိုသည်ဖြစ်သောကြောင့်
သင်တင်တိုင်းသော အဗျာပိတ, အပရိပုဏ္ဏဒေါသ ငါ့အားမရောက်
ကင်းစင်ပျောက်၏ဟူလို။ (၅-မှတ်)
(ဂ)ဝါကျ
ဌပနာတိကပုစ္ဆာကျမ်းတက်
အရှင်အဋ္ဌကထာဆရာ
ဆရာသည် (ခ)ဝါကျဖြင့် ပဂ္ဂဟအရ သပိတ်ကို
အရကောက်ယူရမည်၏အဖြစ်, ဥဉ္ဆေန-ရှာမှီးခြင်းဟူသည်
ဆွမ်းကိုရှာမှီးခြင်းပင်တည်း, ပဂ္ဂဟေန-ကို ဥဉ္ဆေန-၌ စာစပ်ရမည်၏အဖြစ်, ဥဉ္ဆေန-ကို
ယာပေတုံ၌ စာစပ်ရမည်၏ အဖြစ်နှင့် သပိတ်ဖြင့် ဆွမ်းခံခြင်း၏မလွယ်ကူသည်၏ အဖြစ်ကို
ဖွင့်ဆိုတော်မူ၏။
ယင်းသို့ဆိုသော်လည်း ခုနှစ်ရွာ, ရှစ်ရွာတို့ကို
ဆွမ်းခံကြွလျှင် လုံလုံလောက်လောက် ရသည်မဟုတ်ပါလော။ ယင်းသို့ ဖြစ်ပါလျက်
အဘယ့်ကြောင့် သပိတ်ဖြင့် ဆွမ်းခံခြင်းကို မလွယ်ကူဟု ဆိုအပ်ပါသနည်း။
ဤသို့ သူမေးဖွယ်ရှိ၍ ထိုအမေးကို ဖြေကြားတော်မူလိုသော
အဋ္ဌကထာဆရာသည် (ဂ)ဝါကျကိုမိန့်၊ အဓိပ္ပါယ်ကား - (ဂ)ဝါကျဖြင့်
ခုနှစ်ရွာ, ရှစ်ရွာတို့ကို ဆွမ်းခံကြွလျှင်
လုံလုံလောက်လောက် ရသည်ကား မဟုတ်ပါ။ စင်စစ်သော်ကား ထိုငတ်မွတ်ခေါင်းပါးရာအခါ၌
ထိုခုနှစ်ရွာ, ရှစ်ရွာတို့ကို ဆွမ်းအလို့ငှါ တစ်နေ့ပတ်လုံး
လှည့်လည်သော်လည်း မျှတစေလောက်သောအတိုင်းအရှည်ကို မရ-ဟု ငါပြဆိုပါ၏ဟူလို။ (၅-မှတ်)
၃။ ။ (ခ)ကျသည် ဝိတ္တာရဝါကျ။ အကြောင်းကား - ပဂ္ဂဟအရနှင့်
ဥဉ္ဆေန ပဂ္ဂဟေနပုဒ်တို့၏ အကျယ်ကို ချဲ့ပြသောကြောင့်တည်း။ (တနည်း) က-ဝါကျ၏
ပဒပိဏ္ဍတ္ထအကျယ်ကို ချဲ့ပြသောကြောင့်တည်း။ ထို၍ က-ဝါကျသည် သင်္ခေပဝါကျ။ (၅-မှတ်)
(ဂ)ဝါကျသည်
ဝိတ္တာရ, တပ္ပါကဋီကရဏ, ဒဠှီဝါကျ။ အကြောင်းကား- ဆွမ်းခံရာ၌
မလွယ်ကူမှုကိုချဲ့ပြ ထင်ရှားပြသောကြောင့်တည်း။ ထို၍ ခ-ဝါကျသည်
သင်္ခေပ, အပါကဋ ဒဠှီယဝါကျ၊ (၅-မှတ်)
၄။
။ သတ္တ ဝါ အဋ္ဌ ဝါ ဂါမာ သတ္တဋ္ဌဂါမာ။
သတ္တဝါ၊ ခုနှစ်ခုတို့သော်လည်းကောင်း၊ အဋ္ဌ ဝါ၊
ရှစ်ခုတို့သော်လည်းကောင်း။ ဂါမာ၊ ရွာတို့တည်း။ သတ္တဋ္ဌဂါမာ၊ ခုနှစ်, ရှစ်ခုကုန်သောရွာတို့။
သတ္တ ဝါ အဋ္ဌ ဝါ ဂါမာ-ကား သင်္ချောဘယ ဗဟုဗ္ဗီဟိသမာသ်ဝိဂြိုဟ်။
သတ္တဋ္ဌဂါမာကား သင်္ချောဘယဗဟုဗ္ဗီဟိသမာသ်ပုဒ်။ သတ္တပုဒ်+အဋ္ဌပုဒ်+ဂါမပုဒ်+ဝါ-အညပုဒ်။
သတ္တဋ္ဌဂါမာဟူသောဗဟုဗ္ဗီဟိသမာသ်ပုဒ်
ခုနှစ်ရွာ, ရှစ်ရွာတို့သည် မုချ။
ထို-၏ ဝါ-အညပုဒ်အရဖြစ်သော
ဝိကပ္ပနဘောဂုဏ်(ဝါ)သသံသယဘောဂုဏ်နှင့် ဂုဏ်-ဂုဏေစပ်
ဌာနူပစာ။
ဝါ-အညပုဒ်တို့၏အရကား ထိုမုချ ဌာနူပစာတို့ဖြင့်
မှတ်အပ်သော ခုနှစ်ရွာသော်လည်းကောင်း, ရှစ်ရွာသော် လည်းကောင်း ရ၏။
မှတ်ချက်။ ။သတ္တဋ္ဌမာသာ-ကို ဆို ကလည်း အမှတ်ပေးပါရန်။
၅။ ။ ဥဉ္ဆ - ဥဉ္ဆ+အ။ ဥဆိ+အ၊ ပုံလိင်၊ ပုရိသာဒိဂိုဏ်း၊ အကာရန္တ။
ပဂ္ဂဟ - ပ-ဂဟ+အ၊
ပုံလိင်၊ ပုရိသာဒိဂိုဏ်း၊ အကာရန္တ။
ပတ္တ - ပတ+တ။
ပါ+တြ။
ပဒ+တ။
ပ-တာ-တ။ ပ-အာပ+တ၊
ပုံလိင်/ နပုံလိင်၊ ပုရိသာဒိ/ စိတ္တာဒိ၊
အ-ကာရန္တ၊
ဂါမ - ဂသ+မ/ ဂမု+ဏ/ဂါ+မ။
ပုံလိင်/ နပုံလိင်၊ ပုရိသာဒိ/ စိတ္တာဒိ၊
အကာရန္တ။
ပိဏ္ဍ - ပိဏ္ဍ+အ/ပိဍိ+အ။
ပုံလိင်၊
ပုရိသာဒိဂိုဏ်း၊ အကာရန္တ။
၆။ ။ (က)ဝါကျဖြင့် ပဂ္ဂဟေနပုဒ်ကို ယာပေတုံ၌
သဒ္ဒက္ကမအားလျော်စွာ စာမစပ်ရအတ္ထက္ကမအားလျော်စွာ ဉဉ္ဆေန၌ ကရိုဏ်းစပ်ရမည်၏
အဖြစ်ကိုလည်းကောင်း(သမ္ဗန္ဓ,ဘာဝတ္ထ
)၊ ယင်းဉဉ္ဆေနပုဒ်ကိုလည်း
သဒ္ဒက္ကမအားလျော်စွာ ပဂ္ဂဟေန၌ စာမစပ်ရ၊ အတ္ထက္ကမအားလျော်စွာ ယာပေတုံ၌
ကရိုဏ်းစပ်ရမည် ၏ အဖြစ်ကိုလည်းကောင်း၊( သမ္ဗန္ဓဘာဝတ္ထ) သိစေပါသည်။ (၅-မှတ်)
(ခ)ဝါကျ
ပတ္တံ ဂဟေတွာ-ဖြင့် ပဂ္ဂဟေန-အရ ပဂ္ဂယှတီတိ ပဂ္ဂဟော ,ပဂ္ဂယှတိ
ဧတေနာတိ ပဂ္ဂဟော။ ပဂ္ဂယှနံ ပဂ္ဂဟော-ဟု ၀စနတ္ထပြု၍ သပိတ်ကို အရကောက်ယူရမည်၏
အဖြစ်ကိုသိစေပါသည်။ (အဘိဓေယျတ္ထ)
ဘိက္ခာစရိယံ စရန္တိ-ဖြင့် ယာပေတုံ၌ မျှတစေရ၏ ဟူသည်
ဆွမ်းခံခြင်းပင်တည်းဟူသော အဓိပ္ပါယ်ကို သိစေပါသည်။ (ဘာဝတ္ထ) (၃-မှတ်)
(ခ)တစ်ဝါကျလုံးဖြင့်
ပဂ္ဂဟေန-ကို ယာပေတုံ၌ စာမစပ်အပ်၊ ဥဉ္ဆေန-၌ စာစပ်ရမည် လည်းကောင်း၊
ဥဉ္ဆေန-ကို ပဂ္ဂဟေန-၌ စာမစပ်အပ်၊ ယာပေတုံ-၌
စာစပ်ရမည်-လည်းကောင်းသိစေပါသည်။(သမ္ဘ ဘာဝတ္ထ (၂- မှတ်)
၇။ ။ န သုကရာ-ပါဠ်သာ သင့်ပါသည်။ အကြောင်းကား -
အတ္တံ နဿ တပ္ပုရိသေ, သရေ အန်-သုတ် တို့နှင့် မဆိုင်သောကြောင့်လည်းကောင်း၊
နဿတ္တံ တပ္ပုရိသဗဟုဗ္ဗီဟိသု (နီတိသုတ္တ- ၇၁၇) ၌
အဗြာဟ္မဏော, အနုတ္တရော-ဟူသော်လည်း
ဗဟုဗ္ဗီဟိသမာသ်အရာ၌ အ-အပြုအစီအရင် မမြဲသောကြောင့်လည်းကောင်း န သုကရာ-ဟူသောပါဌ်သာ
သင့်ပါသည်။
၈။ ။ သတ္တဋ္ဌဂါမေ-၌ ဧကဒေသူပစာ။
အစိတ်ဖြစ်သော- ခုနှစ်ရွာ, ရှစ်ရွာတို့၏
သတ္တဋ္ဌဂါမေဟူသော အမည်ကို အပေါင်းဖြစ်သော-
ခုနှစ်ရွာ, ရှစ်ရွာ, ကိုးရွာ, ဆယ်ရွာစသည်တို့၌
တင်။ (ဥပလက္ခဏ, ပဓာန,
နိဒဿနနည်း)
၉။ ။ ဓညဝိက္ကယကာ “သဗ္ဗေသံ သင်္ဂဟံ ကရိဿာမာ”တိ
ဓညကရဏဋ္ဌာနေ ဓညမာမကံ နိသီဒါပေတွာ ဧကပဿေ ဝဏ္ဏဇ္ဈကံ နိသီဒါပေသုံ။
၁၀။ ။ အာဝတ္တဟာရဟူသော်ကား အာဝတ္တိယန္တိ သဘာဂဝိသဘာဂဓမ္မာ ဧတေနာတိ
အာဝတ္တော၊ အာဝတ္တော စ သော ဟာရော ဇာတိ အာဝတ္တဟာရော-ဟူသော ဝစနတ္တနှင့်အညီ
သုတ်၌လာသောတရားတို့၏ ပဒဋ္ဌာန်ကို ရှာ၍ သဘာဂ,
ဝိသဘာဂတို့ကို
လည်စေကြောင်းဖြစ်သောကြောင့် အာဝတ္တဟာရမည်၏။
(၂-မှတ်) ၊
အဘယ်သို့ လည်စေသနည်းဟူမူကား စရန္တိ-၌ စရဓာတ်အရ
ဆွမ်းခံရဟန်းတို့၏ သန္တာန်၌ သဒ္ဓါ, ဝီရိယစသည်ပြဌာန်းသော
ကုသိုလ်စိတ္တုပ္ပါဒ်ကိုယူ၍ ထို၏ ပဒဋ္ဌာန်ကား ယောနိသောမနသိကာရ, သဒ္ဓမ္မဿဝန၊
သပ္ပုရိသူပနိသျ, နဝမက္ခဏ,
စက္ကသမ္ပတ္တိ, အပ္ပမာဒ-စသည်တည်း။
ထိုတွင် ယောနိသောမနသိကာရကို ယူသဖြင့် ထိုယောနိသောမနသိကာရလျှင် အကြောင်းရင်းရှိသော
ကုသိုလ်တရားတို့သည် လည်ကုန်၏ ။ ။
သဒ္ဓမ္မဿဝနကိုယူသဖြင့် ထို-လျှင်အကြောင်းရင်းရှိသော ကုသိုလ်တရားတို့သည်
လည်ကုန်၏။
သပ္ပုရိသူပနိသျကိုယူသဖြင့် ထို-လျှင်အကြောင်းရင်းရှိသော
ကုသိုလ်တရားတို့သည် လည်ကုန်၏။
နဝမက္ခဏကိုယူသဖြင့် ထို-လျှင်အကြောင်းရင်းရှိသော ကုသိုလ်တရားတို့သည်
လည်ကုန်၏။
စက္ကသမ္ပတ္တိကိုယူသဖြင့် ထို-လျှင်အကြောင်းရင်းရှိသော
ကုသိုလ်တရားတို့သည် လည်ကုန်၏။
အပ္ပမာဒကိုယူသဖြင့် ထို-လျှင်အကြောင်းရင်းရှိသော ကုသိုလ်တရားတို့သည်
လည်ကုန်၏။
ဤသို့ သဘာဂအားဖြင့် လည်စေခြင်းသည် သဘာဂါဝတ္တနမည်၏။ (၃-မှတ်)
စရန္တိ-၌ စရဓာတ်အရ ကုသိုလ်စိတ္တုပ္ပါဒ်ကို ဆိုသဖြင့်
ထို၏ဆန့်ကျင်ဘက်ဖြစ်သော အကုသိုလ်စိတ္တုပ္ပါဒ်ကိုလည်း ယူအပ်၏။ ထို၏ ပဒဋ္ဌာန်ကား
အယောနိသောမနသိကာရ, အသဒ္ဓမ္မဿဝန, အသပ္ပရိသူပနိသျ, အက္ခဏ, စက္ကဝိပတ္တိ,ပမာဒ
အစရှိသည်တည်း။
ထိုတွင် အယောနိသောမနသိကာရကိုယူသဖြင့် ထို-လျှင်အကြောင်းရင်းရှိသော
အကုသိုလ်တရားတို့သည် လည်ကုန်၏။
အသဒ္ဓမ္မဿဝနကိုယူသဖြင့် ထို-လျှင်အကြောင်းရင်းရှိသော အကုသိုလ်တရားတို့သည်
လည်ကုန်၏။
အသပ္ပုရိသူပနိသျကိုယူသဖြင့် ထို-လျှင်အကြောင်းရင်းရှိသော
အကုသိုလ်တရားတို့သည် လည်ကုန်၏။
အက္ခဏကိုယူသဖြင့် ထို-လျှင်အကြောင်းရင်းရှိသော အကုသိုလ်တရားတို့သည်
လည်ကုန်၏၊ စက္ကဝိပတ္တိကိုယူသဖြင့် ထို-လျှင်အကြောင်းရင်းရှိသော အကုသိုလ်တရားတို့သည်
လည်ကုန်၏။
ပမာဒကိုယူသဖြင့် ထို-လျှင်အကြောင်းရင်းရှိသော အကုသိုလ်တရားတို့သည်
လည်ကုန်၏ ။
ဤသို့ ဝိသဘာဂအားဖြင့် လည်စေခြင်းသည် ဝိသဘာဂါဝတ္တနမည်၏၊ (၃-မှတ်)
ဤသို့လျှင် သုတ်၌လာသောတရားတို့၏ ပဒဋ္ဌာန်ကို ရှာ၍ အာဝဠာဟာရမည်၏
ဟူလိုသည်။ (၂- မှတ်)
No comments:
Post a Comment