Tuesday, 28 January 2020

ပါရာဇိကဏ် ဒု−နေ့, ပြာသိုလကွယ်, ၁၃၈၁−ခု

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်
အပတ်စဉ်လေ့ကျင့်ခန်းစာမေးပွဲ
စာချတန်း။ ။ ပါရာဇိကဏ္ဍအဋ္ဌကထာမေးခွန်း(ဒုတိယနေ့)
၁၃၈၁-ခုနှစ်၊ ပြာသိုလ်လပြည့်ကျော် (၁၅)ရက်၊ ၂၄-၁-၂၀၂၀) သောကြာနေ့
ခွင့်ပြုချိန်။ ။၄-နာရီ (နေ့လည် ၁၂-နာရီ မှ ညနေ ၄-နာရီ အထိ)
…………………………………………………………………………..

(က) ကုက္ကုစ္စန္တိ အဇ္ဈာစာရဟေတုကော ပစ္ဆာနုတာပေါ။
(ခ) ဝိပ္ပဋိသာရောတိပိ တဿေဝ နာမံ။
(ဂ) သော ဟိ ဝိညူဟိ အကတ္တဗ္ဗတာယ ကုစ္ဆိတကိရိယဘာဝတော ကုက္ကစ္စံ။
(ဃ) ကတံ အဇ္ဈာစာရံ နိဝတ္တေတုံ အသမတ္ထတာယ တံ ပဋိစ္စ ဝိရူပံ သရဏဘာဝတော ဝိပ္ပဋိသာရောတိ ဝုစ္စတိ။

၁။ အဓိပ္ပါယတ္ထကို ကြည့်ရှုဆင်ခြင်၍ သဗ္ဗနာမ်အစွဲ မှန်ကန်စေလျက်၊ (ခ၊ဂ)ဝါကျတို့ကို အနက်ပေးပြခဲ့ပါ။
၂။ (က)ဝါကျကို ဥပမာလင်္ကာရ လျဉ်းပါးသာဘောဂပုစ္ဆာကျမ်းတက်၊ (ဂ)ဝါကျကို အနုသန္ဓေကျမ်းတက် ပြခဲ့ပါ။
၃။ (ခ၊ဂ၊ဃ)ဝါကျတို့ကို အကြောင်းပြ၍ ဝါကျအမည်များ ပေးပြခဲ့ပါ။
၄။ (က)ဝါကျ ကုက္ကုစ္စံ-၌ အန္တတ္ထပုဒ်ကိုသာ အစိတ်+အပေါင်း ဝစနတ္ထပြု၍ အပေါင်းပုဒ်ကိုသာ ဉာသ်နည်းအရကောက်ပြခဲ့ပါ။
၅။ ဟေတု၊တာပ၊ကြိယ၊ပဋိစ္စ၊သရဏ-ပုဒ်တို့ကို ဓာတု,ပစ္စယ,လိင်္ဂ,ဂဏ,ကာရန္တတို့ဖြင့် ဝေဖန်ပြပါ။
၆။ (ဃ)ဝါကျကို အဋ္ဌကထာဆရာ၏ အာဘော်ကို ဖော်၍ သံဝဏ္ဏနာအမည်လည်း ပေးပြခဲ့ပါ။
၇။ ဝိပ္ပဋိသာရ/ဝိပ္ပတိသာရ-ဟု ပါဌ်နှစ်ထွေရှိရာ သင့်ရာပါဌ်ကို ယုတ္တိပြ ဆုံးဖြတ်ခဲ့ပါ။
၈။ (က)ကုက္ကုစ္စံ-၌ ဖြစ်သင့်သော နည်းဥပစာတိုကို ဆိုးရိုးကျ ရေးသားခဲ့ပါ။
၉။ အောက်ပါ မြန်မာစကားတို့ကို ပါဠိစုဏ္ဏိယ သီကုံးပြခဲ့ပါ။
ပါတိမောက္ခသံဝရထက်လည်း မဂ်ဖိုလ်တို့နှင့်အညီအညွတ် ဧကုပ္ပါဒတာ အစရှိ ကုန်သော အပြားတို့ဖြင့် ယှဉ်သည်သာလျှင်ဖြစ်သော သီလသည် မြတ်သော သီလတည်း၊ ထိုသို့ပင် မြတ်သောသီလမည်ပါသော်လည်း ဤအဓိသီလ သိက္ခာ၌ အလိုမရှိအပ်၊ အကြင်ကြောင့် ထိုမဂ်ဖိုလ်တို့နှင့် အညီအညွတ် ဧကုက္ကုပ္ပါဒတာ အစရှိကုန်သော အပြားတို့ဖြင့် ယှဉ်သောသီလသို့ ကောင်းစွာရောက်သော ရဟန်း သည် တပ်ခြင်းတူသောနှစ်ယောက်တို့၏ ဥစ္စာဖြစ်သောအကျင့်ကို မမှီဝဲ။
၁၀။ (ဂ)ဝါကျ ဝိညူဟိ-ပုဒ်ကို ပဒဝိစယဟာရနေတ္တိနည်း ထုတ်ပြခဲ့ပါ။
တစ်ပုစ္ဆာလျှင် (၁၀)မှတ်စီ။

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်

အပတ်စဉ်လေ့ကျင့်ခန်းစာမေးပွဲ
စာချတန်း။ ။ ပါရာဇိကဏ္ဍအဋ္ဌကထာ(ဒုတိယနေ့) အဖြေ
၁၃၈၁-ခုနှစ်၊ ပြာသိုလ်လပြည့်ကျော် (၁၅)ရက်၊ ၂၄-၁-၂၀၂၀) သောကြာနေ့
ခွင့်ပြုချိန်။ ။၄-နာရီ (နေ့လည် ၁၂-နာရီ မှ ညနေ ၄-နာရီ အထိ)
…………………………………………………………………………..
၁။ ဝိပ္ပဋိသာရောတိနာမမ္ပိ၊ အမည်သည်လည်း။ တဿေဝ ပစ္ဆာနုတာပဿ၊ ထိုပစ္ဆာနုတာပ၏သာလျှင်။ နာမံ၊ အမည်တည်း။ (၅) မှတ်။
ဟိ၊ မှန်၏။ ဟိ၊ ထိုစကားကိုချဲ့ဦးအံ့။ သော ပစ္ဆာနုတာပေါ၊ ကို။ ဝိညူဟိ၊ ပညာရှိတို့သည်။ အကာတဗ္ဗတာယ၊ မပြုအပ်သည်၏အဖြစ်ကြောင့်။ တဿ ပစ္ဆာနုတာပဿ၊ ၏။ (ဝါ) သည်။ ကုစ္ဆိတကိရိယဘာဝတော၊ စက်ဆုပ်အပ်သောအမူအရာ၏ အဖြစ်ကြောင့်။ ကုက္ကုစ္စန္တိ၊ ဟူ။ ဝုစ္စတိ၊ ဆိုအပ်၏။ (၅) မှတ်။

၂။ ဆရာ ဥပါလိမထေရ်သည် အဟုဒေဝ ကုက္ကုစ္စံဟု ဟောတော်မူ၏။ (၂) မှတ်။
ယင်း၌ ကုက္ကုစ္စအရ တတ္ထဟိ ဧကဘိက္ခုဿပိ ဟတ္ထကုက္ကုစ္စံဝါ၊ ပါဒကုက္ကုစ္စံဝါ ခိပိတသဒ္ဒေါ ဝါ နတ္ထိ စသည်တို့၌ကဲ့သို့ ဟတ္တကုက္ကုစ္စ ပါဒကုက္ကုစ္စကို ယူရပါမည်လော၊
(ဝါ) အာယသ္မတော သာရိပုတ္တဿ ကုက္ကုစ္စံ အဟောသိ စသည်တို့၌ကဲ့သို့ ဝိနယကုက္ကုစ္စကို ယူရပါမည်လော။ (၂) မှတ်။
ဤအဟုဒေဝကုက္ကုစ္စံ၌ မည်သည့်ကုက္ကုစ္စကို ယူရပါမည်နည်း။
ဤသို့မေးဖွယ်ရှိ၍ ထိုအမေးကို ဖြေကြားတော်မူလိုသော ဆရာသည် (က)ဝါကျကို မိန့်။
အဓိပ္ပါယ်ကား= (က)ဝါကျဖြင့် ဤ၌ ကုက္ကုစ္စအရ တတ္ထပိ (ပ) ကုက္ကုစ္စံ အဟောသိ စသည်တို့၌ကဲ့သို့ ဝိနယကုက္ကုစ္စကို မယူရ ပစ္ဆာနုတာပလက္ခဏာရှိသော ကုက္ကုစ္စစေတသိက်ကို ယူရမည်၏အဖြစ်ကို ငါပြဆိုပါ၏ဟူလိုသော်။ (၂) မှတ်။

(ဂ)ဝါကျ အနုသန္ဓေ
ဤသို့ (က၊ခ)ဝါကျတို့ဖြင့် ကုက္ကုစ္စဟူသောအမည်သည်လည်းကောင်း၊ ဝိပ္ပဋိသာရဟူသော အမည်သည်လည်းကောင်း ပစ္ဆာနုတာပ၏အမည်ဖြစ်၏ဟု ပြပြီး၍၊
ယခုအခါ၌ ကုက္ကုစ္စဟူသော အမည်၊ ဝိပ္ပဋိသာရဟူသောအမည်တို့သည် ပစ္ဆာနုတာပ မည်သည်၏အဖြစ်ကို ယုတ္တိအားဖြင့် ခိုင်မြဲစေလိုသောဆရာသည်/ထင်ရှားပြလိုသော ဆရာသည် (ဂ)ဝါကျကို မိန့်။ (၂) မှတ်။

၃။ (ခ)ဝါကျဖြင့် ကုက္ကုစ္စဟူသောအမည်သည် ပစ္ဆာနုတာပမည်သည်မှတစ်ပါး ဝိပ္ပဋိသာရဟူသောအမည်သည်လည်း ပစ္ဆာနုတာပ မည်သည်ဟူသော အဖို့တစ်ပါးကို ပြသောကြောင့် ပက္ခန္တရဝါကျဖြစ်ပါသည်။ (၂) မှတ်။
(တနည်း) ပစ္ဆာနုတာပသည် ကုက္ကုစ္စမည်ပါသလောဟူသော စောဒနာဖွယ်ကို ပယ်ဖြေလို၍ ဆက်လက်အားထုတ်အပ်သောကြောင့် ဝါကျာရမ္ဘဝါကျ။ (၂) မှတ်။
(ဂ)ဝါကျသည် ကုက္ကုစ္စဟူသောအမည်၊ ဝိပ္ပဋိသာရဟူသောအမည်တို့သည် ပစ္ဆာနုတာပမည်သည်အဖြစ်ကို အသင့်ယုတ္တိအားဖြင့် ခိုင်မြဲစေသောက​ြောင့် ဒဠှီကရဏဝါကျ။
(တနည်း) ထင်ရှားပြသောက​ြောင့် တပ္ပါကဋီကရဏဝါကျ။ (၂) မှတ်။

(ဃ)ဝါကျသည် ကုက္ကုစ္စဟူသောအမည်သည် ပစ္ဆာနုတာပမည်သည်၏အဖြစ်ကို အသင့်ယုတ္တိအားဖြင့် ခိုင်မြဲစေသည်မှတစ်ပါး ဝိပ္ပဋိသာရဟူသောအမည်သည် ပစ္ဆာနုတာပ မည်သည်၏အဖြစ်ကို အသင့်ယုတ္တိအားဖြင့် ခိုင်မြဲပုံ အဖို့တစ်ပါးကို ပြသော ကြောင့် ပက္ခန္တရဝါကျ။ (၂) မှတ်။

၄။ ကရီယတေ ကတံ၊ ကရဏံ ကတံ။ (၂) မှတ်။
ကုစ္ဆိတံ ကတံ ကုကတံ။ (၂) မှတ်။
ကုစ္ဆိတံ၊ စက်ဆုပ်အပ်သော။ ကတံ၊ အမူအရာကြိယာ။ ကုကတံ၊ စက်ဆုပ်အပ်သော အမူအရာကြိယာ။ (ဝါ) ကုက္ကုစ္စစေတသိက်။
ကုစ္ဆိတံ ကတံကား ကုနိပါတ ပုဗ္ဗပဒကမ္မဓာရယ်ဝိဂြိုလ် ကုကတံကား ကုနိပါတပုဗ္ဗပဒကမ္မဓာရယ်သမာသ်ပုဒ်။ ကုပုဒ်၊ ကတပုဒ်။
ကုဟူသော ဝိသေသနနိပါတ်ပုဒ်အရကား ကုစ္ဆိတဘောဂုဏ်သည် မုချအားဖြင့် ရ၏။ (၂) မှတ်။
ထို၏ အမူအရာကြိယာနှင့် ဂုဏ် ဂုဏေး စပ်ခြင်းသမ္ဗာန်သည် ဌာနူပစာအားဖြင့် ရ၏။ (၂) မှတ်။
ကုကတံဟူသော သမာသ်ပုဒ်လုံးအရကား စက်ဆုပ်အပ်သော အမူအရာကြိယာ (ဝါ) ကုက္ကုစ္စစေတသိက် ရ၏။ (၂) မှတ်။

၅။ ဟေတု= ဟိဓာတ်၊ တုပစ္စည်း၊ ပုလ္လိင်၊ ရတ္တာဒိဂိုဏ်း၊ ဥကာရန္တ။
တာပ= တပဓာတ်၊ ဏပစ္စည်း၊ ပုလ္လိင်၊ ပုရိသာဒိဂိုဏ်း၊ အကာရန္တ။
ကိရိယ= ကရဓာတ်၊ ရိရိယပစ္စည်း၊ ဣတ္ထိလိင်၊ ကညာဒိဂိုဏ်း၊ အာကာရန္တ။
ပဋိစ္စ= ပဋိ-ဣဓာတ်၊ တွာပစ္စည်း၊ အလိင်၊ ဂဏဝိမုတ်၊ အကာရန္တ။
သရဏ= သရဓာတ်၊ ယုပစ္စည်း၊ နပုလ္လိင်၊ စိတ္တာဒိဂိုဏ်း၊ အကာရန္တ။ (၂) မှတ်စီ။

၆။ တံပဋိစ္စဝိရူပံ သရဏဘာဝတောဖြင့် ဝိပ္ပဋိသာရော၌ သာရောဝယ် ဏပစ္စည်းဘာဝသာဓန၌သက်-၎င်း။ (၁) မှတ်။
သရဏံ သာရောဟု ဝစနတ္ထပြုရမည်ကို၎င်း။ (၁) မှတ်။
ပဋိနှင့်သာရကို ပဋိစ္စသာရော ပဋိသာရောဟု ပါဒိပုဗ္ဗပဒကမ္မဓာရယ်သမာသ် ဝစနတ္ထပြုရမည်ကို၎င်း။ (၁) မှတ်။
ယင်းသမာသ်၏ တုလျတ္ထအနက်ကိုဟောသည်ကို၎င်း။ (၁) မှတ်။
ဝိဥပသာရပုဒ်၏ ဝိရူပအနက်ဟောသည်ကို၎င်း။ (၁) မှတ်။
ဝိနှင့် ပဋိသာရကို ဝိရူပံ ပဋိသာရော ဝိပ္ပဋိသာရောဟု ပါဒပုဗ္ဗကမ္မဓာရယ် ဝစနတ္ထပြုရမည်ကို၎င်း။ (၁) မှတ်။
ယင်းသမာသ် တုလျတ္ထအနက်ဟော။ (၁) မှတ်။
ပဋိ ပဋိစ္စအနက်ဟော။ (၁) မှတ်။
ကတံ အဇ္ဈာစာရံ နိဝတ္တေတုံ အသမတ္ထတာယဖြင့် ရှင်သုဒိန်အား ဝိပ္ပဋိသာဖြစ်ရခြင်းသည် ပြုအပ်ပြီးသောမေထုန်ကို လွန်ကျူးခြင်းကို နစ်စေခြင်းငှါ မစွမ်းနိုင်သောကြောင့် ဖြစ်ခြင်းပင်တည်းဟူသော အဓိပ္ပါယ်ကို သိစေပါသည်။ (၂) မှတ်။

၇။ ဝိပ္ပဋိသာရော ပါဌ် သင့်ပါသည်။
ကွစိ ပဋိ ပတိဿ သုတ်ဖြင့် ပတိကို ပဋိပြုသောကြောင့်လည်းကောင်း၊ ဝိ-ဝိရူပေ ဝိပ္ပဋိသာရောဟု နိရုတ္တိဒီပနီ ဆိုထားသောကြောင့်လည်းကောင်း၊ ဝိရူပေန ပတိပုနပ္ပုနံ သရတိ စိတ္တမေတေနာတိ ဝိပ္ပဋိသာရော၊ တဿ ဋော ဟု အဘိဓာန်ဋီကာ၌ ဆိုထားသောကြောင့်လည်းကောင်းတည်း။
(၁၀) မှတ် သာဓကတစ်ခုမှန်ကပေးရန်။

၈။ ဧကဒေသိနော နာမံ ဧကဒေသိမှိ ဥပစာရော ဝေါဟာရော ဧကဒေသျူပစာရောဟူသော ဝစနတ္ထနှင့်အညီ အပေါင်း၏အမည်ကို အစိတ်၌တင်စား၍ ခေါ်ဝေါ်ခြင်းသည် ဧကဒေသျူပစာသဒ္ဒါမည်၏။ ပြယုဂ်ကား ကုက္ကုစ္စတည်း။ ဤ၌ ကုက္ကုစ္စသဒ္ဒါသည် အပေါင်းဖြစ်သော ဟတ္ထကုက္ကုစ္စ ပါဒကုက္ကုစ္စ ဝိနယကုက္ကုစ္စ ကုက္ကုစ္စစေတသိက်တို့၏အမည်ကို အစိတ်ဖြစ်သော ကုက္ကုစ္စစေတသိက်၌တင်စား၍ အစိတ်ဖြစ်သော ကုက္ကုစ္စစေတသိက်ကို ဤ၌ ကုက္ကုစ္စဟု ခေါ်ဝေါ်အပ်သောကြောင့် ဧကဒေသျူပစာသဒ္ဒါမည်၏။(၅) မှတ်။
ရုဠှီနည်း
ထို၌ထင်သောအားဖြင့် ဤ၌ခေါ်ဝေါ်အပ်သောနည်းသည် ရုဠှီနည်းမည်၏။ ပြယုဂ်ကား ကုက္ကုစ္စံဟူသည်တည်း။ ဤ၌ ကုက္ကုစ္စံဟူသောနည်းသည် ဟတ္ထကုက္ကုစ္စ ပါဒကုက္ကုစ္စ ဝိနယ ကုက္ကုစ္စ  ကုက္ကုစ္စစေတသိက်တည်းဟူသော ထို၌ထင်သောအားဖြင့် ကုက္ကုစ္စ စေတ သိက်တည်းဟူသော ဤ၌ခေါ်ဝေါ်အပ်သောကြောင့် ရုဠှီနည်းမည်၏။ (၅) မှတ်။

၉။ ပါတိမောက္ခသံဝရတောပိ မဂ္ဂဖလသမ္ပယုတ္တမေဝ သီလ အဓိသီလံ၊ တံ ပန ဣမ အနဓိပ္ပေတံ၊ န ဟိ တံ သမာပန္နော ဘိက္ခု မေထုနံ ဓမ္မံ ပဋိသေဝတိ။ (၁၀) မှတ်။

၁၀။ ဝိစယဟာရဟူသော်ကား- ဝိစိနာတိ ဧတေန ပဒပဉှာဒယောတိ ဝိစယော။ ဝိစယော စ သော ဟာရော စာတိ ဝိစယဟာရော-ဟူသော ဝစတ္ထနှင့်အညီ ပဒ-ပုစ္ဆာ-ဝိဿဇ္ဇနာ-ပုဗ္ဗာပရ-အနုဂီတိ-အဿာဒ-အာဒီနဝ-နိဿရဏ-ဖလ-ဥပါယ-အာဏတ္တိအားဖြင့် (၁၁)ပါးသော အနက်တို့ကို စိစစ်ကြောင်းဖြစ်သောကြောင့် ဝိစယဟာရမည်၏။ (၂) မှတ်။
ပဒဝိစယဟာရဟူသော်ကား- ဝိညူဟိ-ပုဒ်သည် သပ္ပတိ သောတဝိညာဏလမ္ဗဏဘာဝံ ဂစ္ဆတီတိ သဒ္ဒေါ-ဟူသော ဝစနတ္ထနှင့်အညီ သောတဝိညာဉ်၏ အာရုံ၏အဖြစ်ကို ရောက်တတ်သောကြောင့် သဒ္ဒါမည်၏။ ထိုသဒ္ဒါသည် စိတ္တဇသဒ္ဒါ, ဥတုဇသဒ္ဒါ နှစ်ပါးတို့တွင် စိတ္တဇသဒ္ဒါမည်၏။ (၃) မှတ်။
အရိယ/ မိလက္ခု- အရိယ
မာဂဓ/ သက္ကတ- မာဂဓ
အနွတ္ထ/ ရုဠှီ- အနွတ္ထ
နိပ္ဖန္န/ အနိပ္ဖန္န- နိပ္ဖန္နမည်၏။
ထိုသဒ္ဒါသည် ပဇ္ဇတေ ဉာယတေ အတ္ထော ဧတေနာတိ ပဒံ-ဟူသော ဝစနတ္ထနှင့်အညီ အနက်ကို သိကြောင်းဖြစ်သောကြောင့် ပုဒ်မည်၏။ ထိုပုဒ်သည် နာမ်ပုဒ်, အာချာတ်ပုဒ်, နိပါတ်ပုဒ်, ဥပသာရပုဒ်လေးပါးတို့တွင် နာမ်ပုဒ်မည်၏။
နာမ်မနာမ်-စသော ငါးပါးတို့တွင် ကိတ်နာမ်မည်၏။
ကတ္တုသာဓန-စသော (၇)ပါးတို့တွင် ကတ္တုသာဓနပုဒ်မည်၏။
သျာဒျန္တပုဒ်, တျာဒျန္တပုဒ် နှစ်ပါးတို့တွင် သျာဒျန္တပုဒ်မည်၏။
ပထမာဝိဘတျန္တ-စသော (၇)ပါးတို့တွင် ဗဟုဝစနန္တပုဒ်မည်၏။
ဧကဝစနန္တ, ဗဟုဝစနန္တ (၂)ပါးတို့တွင် ဗဟုဝစနန္တပုဒ်မည်၏။ (၄) မှတ်။
ဤသို့ စသည်ဖြင့် ပုဒ်ကို စိစစ်ခြင်းသည် ပဒဝိစယဟာရမည်၏ ဟူလိုသော်။ (၁) မှတ်။

No comments:

Post a Comment

ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်

ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း  အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်