မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
ပထမလတ်တန်း။ ။ ဒွေမာတိကာ မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၉) ရက် (၂၃-၂-၂၀၁၇) သောကြာနေ့
ခွင့်ပြုချိန် ။ ။၄-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၄းဝဝ နာရီအထိ)
--------
၁။ သုဒ္ဓပါစိတ်လာ သိက္ခာပုဒ်တို့တွင် အသက်မွေးမှုကို အကြောင်းပြု၍ ပညတ်အပ်သော သိက္ခာပုဒ်ကို ပါဠိရေးခဲ့ပါ။၂။ ဥစ္စာနွမ်းပါး သဒ္ဓါတရားအားကောင်းသော ဒါယကာ ဒါယိကာမများထံ အလှူခံမှုနှင့် ပတ်သက်၍ ဘုရားရှင် ညွှန်ကြားတော်မူသော သိက္ခာပုဒ်ကို အနက်ပေးခဲ့ပါ။
၃။ (က) မိမိ၌ အာပတ်သင့်နေမှန်း မသိ၍ အာပတ်နှင့်တကွ ပါတိမောက်နာယူသော ရဟန်းအား အာပတ်သင့်^မသင့်၊ (ခ) သူတပါးခိုးယူချင်လာအောင် ပရိယာယ်ဖြင့် ပြောသောရဟန်း ပါရာဇိကကျ^ မကျ၊ (ဂ) ဘိက္ခုနီမနှင့် တိုင်ပင်၍ သမုဒ္ဒရာထဲ၌ လှေစီးသော ရဟန်းအား အာပတ်သင့်^မသင့် သာဓကအသီးသီးပြ၍ ဆုံးဖြတ်ခဲ့ပါ။
၄။ အရိဋ္ဌရဟန်းကဲ့သို့ ပြောဆိုလာသော ရဟန်းကို မည်သို့ပြောဆို ဆုံးမရမည်ကို ရေး၍၊ မြတ်စွာဘုရား၏ သင်္ကန်းတော်ပမာဏကို ပကတိပုရိသ, မဇ္ဈိမပုရိသ အထွာဖြင့် တွက်ချက်ဖော်ပြခဲ့ပါ။
၅။ ဝဇ္ဇပ္ပဋိစ္ဆာဒိကာသိက္ခာပုဒ် ပါပသမာစာရသိက္ခာပုဒ်တို့လာ ဝဇ္ဇ (၂)ခုအထူးနှင့် ဧတဿ အသဒ္ဓမ္မဿ ပဋိသေဝနတ္ထာယ-၌ အသဒ္ဓမ္မသရုပ်ကို ဖြေဆို၍၊ သံဃာဒိသေသ်ကုစားရာ၌ ဘိက္ခု ဘိက္ခုနီတို့၏ ထူးခြား ချက်ကို ပါတိမောက်လာအတိုင်း ဖြေဆိုခဲ့ပါ။
၆။ ဘိက္ခုနီမတစ်ပါးအနေဖြင့် လူဝတ်ကြောင်တို့အား မပေးကောင်းသော ဝတ္ထုတို့ကို သိက္ခာပုဒ် အသီးသီး ထောက် ဖြေဆို၍၊ ယောကျ်ားလေးတစ်ယောက်နှင့် အတူစကားမပြောဆိုသင့်သော အရပ်တို့ကို သတ်မှတ်ပြပြီးလျှင်၊ ဘိက္ခုနီမတစ်ပါးအနေဖြင့် ကြည့်ရှုခြင်းငှာ မသွားသင့်သော နေရာတို့ကိုလည်း ဖြေဆိုပြခဲ့ပါ။
၇။ ဘိက္ခူ အဘိနေတဗ္ဗာ-၌ ဘိက္ခူအရ ပြည့်စုံစွာ ကောက်ပြ၍၊ အမူလကဉ္စေဝ တံ အဓိကရဏံ ဟောတိ-၌ အဓိကရဏအရ ဖြေဆိုပြီး၊ ဧကော ဝါ ဒွေ ဝါ တယော ဝါ-ဟု ဟောတော်မူရခြင်းအကြောင်းကိုလည်း ရေးသားပြပါ။
၈။ အညာတိကာယ ဘိက္ခုနိယာ-၌ ဘိက္ခုနီအရ ကောက်ပြ၍၊ သံဃာအလယ်၌သာ စွန့်ရမည့်ပစ္စည်းတို့ကို သိက္ခာပုဒ်နှင့်တွဲစပ်ပြပြီး အစ္စေကသင်္ကန်းလှူဒါန်းနိုင်သူနှင့် လှူဒါန်းနိုင်ပုံတို့ကိုလည်း ဖြေဆိုပြခဲ့ပါ။
တစ်ပုစ္ဆာလျှင် (၁၀)မှတ်စီ။
န္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
ပထမလတ်တန်း။ ။ ကစ္စည်းသဒ္ဒါကြီး မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၀) ရက် (၂၄-၂-၂၀၁၈) စနေနေ့
ခွင့်ပြုချိန် ။ ။၃-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၃းဝဝ နာရီအထိ)
----------
မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
ပထမလတ်တန်း။ ။ သင်္ဂဟ မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၁) ရက် (၂၅-၂-၂၀၁၈) တနင်္ဂနွေနေ့
ခွင့်ပြုချိန် ။ ။၄-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၄းဝဝ နာရီအထိ)
---------
မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
ပထမလတ်တန်း။ ။ သုတ္တန္တိကမာတိကာ, ဓာတုကထာ မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၂) ရက် (၂၆-၂-၂၀၁၈) တနင်္လာနေ့
ခွင့်ပြုချိန် ။ ။၃-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၃းဝဝ နာရီအထိ)
--------
မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
ပထမလတ်တန်း။ ။ အောက်ယမိုက် မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၃) ရက် (၂၇-၂-၂၀၁၈) အင်္ဂါနေ့
ခွင့်ပြုချိန် ။ ။၃-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၃းဝဝ နာရီအထိ)
----------
န္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
ပထမလတ်တန်း။ ။ ကစ္စည်းသဒ္ဒါကြီး မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၀) ရက် (၂၄-၂-၂၀၁၈) စနေနေ့
ခွင့်ပြုချိန် ။ ။၃-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၃းဝဝ နာရီအထိ)
----------
၁။ တဒ္ဓိတ်ကျမ်းလာ ပဋိသေဓဝိဓိ အာဂမဝိဓိနှစ်ချက် စီရင်သောသုတ်နှင့်၊ အာချာတ်ကျမ်းလာ သရာဂမသုတ်တို့တွင် အစဆုံးသုတ်ကို သုတ်, ဝုတ္တိ, ဥဒါဟရုဏ် ကုန်စင်အောင် ပါဠိရေးသားခဲ့ပါ။
၂။ အောက်ပါတို့ကို အနက်ရေးသားခဲ့ပါ။
(က) ဆန္နဝုတီနံ ပါသဏ္ဍာနံ ဓမ္မာနံ ပဝရံ ယဒိဒံ သုဂတဝိနယော။
(ခ ) ပီဏဂဏ္ဍဝဒနထနူရုဇဃနာ။
(ဂ ) အာတ္တဉ္စ။
(ဃ) တထာ ကတ္တရိ စ။
၃။ အောက်ပါတို့တွင် (က) ကို ပုဒ်ဖြတ်၊ (ခ)ကို နာမ်ရုပ်ကျဉ်း၊ (ဂ)ကို ဝိဂ္ဂဟ၊ (ဃ)ကို အာချာတ်ရုပ်ကျဉ်း စီရင်ပြခဲ့ပါ။
(က) အကာရပိတာဒျန္တာနမာ (ခ) ဗာရာဏသိံ၊
(ဃ) အယုဝဏ္ဏာနဉ္စာယော ဝုဒ္ဓိ-၌ ယု၊ (ဃ) တိဋ္ဌတိ။
၄။ အညပဒတ္ထေသု ဗဟုဗ္ဗီဟိ-၌ အညအပါဒါန်, အညအရတို့ကို တိကျစွာ ကောက်ပြ၍၊ နီလံ, ပီတံ-တို့၌ ဝုဒ္ဓိမရောက်ရခြင်းအကြောင်းနှင့် အသင်္ချေယျ-၌ တစ်နောင် သုညမည်မျှ ရှိသည်ကိုလည်း ဖြေဆိုခဲ့ပါ။
၅။ ဗုဒ္ဓ-ပုဒ်နောင် ဖြစ်သင့်သော တဒ္ဓိတ်ပစ္စည်းများသက်၍ ဝစနတ္ထပြုပြီး၊ ကယိရတိ-ပုံစံ၌ ဓာတွာဒိတိက နှစ်မျိုး ဝေဖန်ပြခဲ့ပါ။
၆။ တဝ မမ သေ-သုတ်၏ အစီအရင်သည် နိစ္စလော, အနိစ္စလော၊ အကြောင်းပြဖြေဆို၍၊ ဝိသေသနေစ-၌ ဝိသေသနသရုပ်နှင့် ဝိဘတ္တတ္ထေ-၌ ဝိဘတ္တအဓိပ္ပါယ်ကိုလည်း ဖြေဆိုခဲ့ပါ။
၇။ ဒွန်သမာသ်ဝါကျ၌ စသဒ္ဒါ ကမ္မဓာရယ်သမာသ်ဝါကျ၌ စသဒ္ဒါ, တသဒ္ဒါတို့ ထည့်ဆိုရခြင်းအကျိုးတို့ကို အသီးသီးဖြေဆို၍၊ ကာသာဝံ-၌ ပစ္စည်းသက်သောသုတ်ကို ကစ္စည်းအလို, ရူအလို ခွဲခြားဖြေဆိုခဲ့ပါ။
၈။ ကာရကာကာရကလက္ခဏာကို ပုဒ်စစ်ကျမ်းလာအတိုင်း ရေးသား၍၊ လမ္ဗကဏ္ဏော-ပုံစံ၌ ရနိုင်သော ဗဟုဗ္ဗီဟိသမာသ်အမည်များကိုသာ ပုဒ်စစ်လာအတိုင်း ရေးသားခဲ့ပါ။
တစ်ပုစ္ဆာလျှင် (၁၀)မှတ်စီ။
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
ပထမလတ်တန်း။ ။ သင်္ဂဟ မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၁) ရက် (၂၅-၂-၂၀၁၈) တနင်္ဂနွေနေ့
ခွင့်ပြုချိန် ။ ။၄-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၄းဝဝ နာရီအထိ)
---------
၁။ ဝိပဿနာဉာဏ်စဉ်(၁၀)ပါးတို့တွင် သမ္မသနဉာဏ်ဖြစ်ပုံပြ သင်္ဂဟစကားရပ်ကိုသာ ပါဠိသက်သက် ရေးခဲ့ပါ။
၂။ ဝိပ္ပယုတ္တ(၃)မျိုးတို့တွင် ပုရေဇာတဝိပ္ပယုတ္တ၏ ပစ္စည်း, ပစ္စယုပ္ပန်ပြ သင်္ဂဟစကားရပ်ကိုသာ အနက် ရေးခဲ့ပါ။
၃။ နိယတ, အနိယတ နှစ်မျိုးလုံးဖြစ်သော စေတသိက်ကို ယှဉ်ရာစိတ်နှင့်တကွ ဖေါ်ပြ၍၊ ပကိဏ်းစေတသိက် (၆)ပါးလုံးနှင့် မယှဉ်သော စိတ်ကိုလည်း ယှဉ်ဘက်စေတသိက်နှင့်တကွ ဖြေဆိုခဲ့ပါ။
၄။ ဇောအလုပ် မလုပ်သော ကြိယာစိတ်ကို လုပ်နိုင်သော ကိစ္စဖြင့် ဝေဘန်ပြ၍၊ အနာထပိဏ် ကျောင်းဒကာကြီး၏ သန္တာန်၌ဖြစ်သော ဝီထိစိတ်တို့ကိုလည်း တိကျစွာ ဖြေဆိုခဲ့ပါ။
၅။ သောမနဿစိတ်ဖြင့် ပဋိသန္ဓေနေခဲ့သူ၏ ဒေါသဇောနောင် ကျသင့်သောစိတ်၊ ထိုစိတ်၏ အမည်နှင့် အာရုံတို့ကို ဖေါ်ပြ၍၊ (က) ခွေးတကောင်သေလျှင်၎င်းင်း ၊ (ခ) ဝိညာနဉ္စာယတနဗြဟ္မာကြီးသေလျှင်၎င်းင်း ရောက်နိုင်သောဘုံတို့ကိုလည်း အဘိဓမ္မာအမြင်ဖြင့် တင်ပြခဲ့ပါ။
၆။ ရုပ်ကိုလည်း ဖြစ်စေ, ဣရိယာပုထ်ကိုလည်း ထောက်ပံ့ခိုင်စေတတ်သော စိတ်တို့ကို ဖေါ်ပြ၍၊ “မိန်းမတို့ ဣန္ဒြေ ရွှေပေးလို့မရ”ဟူသော လောကအဆိုရှိရာ ဣန္ဒြေသိက္ခာကြီးမားသော ပုထုဇဉ်လူသား မိန်းမတယောက်၌ ရနိုင်^မရနိုင်သော ဣန္ဒြေတို့ကိုလည်း ခွဲခြားပြခဲ့ပါ။
၇။ အလေးအမြတ်အာရုံပြုသော အာရမ္မဏာဓိပတိပစ္စည်း၏ အကြောင်းတရား, အကျိုးတရားတို့ကို ဖေါ်ပြ၍၊ (က) တဏှာအားကြီးသူ၊ (ခ) ဒေါသအားကြီးသူအား ၎င်းင်းတဏှာနှင့်ဒေါသတို့ကို ပျောက်ကင်းစေရန် မည်သည့်ကမ္မဋ္ဌာန်းဆေးနည်းတို့ကို တိုက်ကျွေးသင့်သည်ကိုလည်း ကမ္မဋ္ဌာနာစရိယ အနေဖြင့် ညွှန်ပြခဲ့ပါ။
၈။ အဘယ့်ကြောင့် နာမ်သက်တို၍ ရုပ်သက်ရှည်ရသည်ကို ဖြေဆို၍၊ ကာမအာရုံ၌သာ တဒါရုံကျ၍ မဟဂ္ဂုတ်, လောကုတ္တရာ, ပညတ်အာရုံတို့၌ တဒါရုံမကျခြင်း အကြောင်းကိုလည်း ဋီကာကျော်ဆရာ အလိုကျ ဖြေဆိုခဲ့ပါ။
တစ်ပုစ္ဆာလျှင် (၁၀)မှတ်စီ။
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
ပထမလတ်တန်း။ ။ သုတ္တန္တိကမာတိကာ, ဓာတုကထာ မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၂) ရက် (၂၆-၂-၂၀၁၈) တနင်္လာနေ့
ခွင့်ပြုချိန် ။ ။၃-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၃းဝဝ နာရီအထိ)
--------
၁။ အဆွေခင်ပွန်းယုတ်ကို ဆည်းကပ်သော ပုဂ္ဂိုလ်, ကောင်းသော အမှု၌ မွေ့လျော်သောပုဂ္ဂိုလ်တို့အား ဖြစ်နိုင်သော တရားတို့ကို သုတ္တန္တိကမာတိကာနှင့်အညီ ကောက်ပြ၍၊ ဝိဇ္ဇာဒုက်၏ ဒုက်မုတ်တရားတို့ကို လည်း ဖြေဆိုပါ။
၂။ အောက်ပါတို့ကို ဓာတုကထာ ဥဒ္ဒေသလာသည့်အတိုင်း တိကျစွာ ကောက်ပြပါ။
(က) သမာဓိန္ဒြေ (ခ) သင်္ခါရ (ဂ) သညာဘဝ (ဃ) ဥပါယာသ (င) ဥပေက္ခာ
၃။ ရူပဘဝ၏ ရေတွက်အပ် မရေတွက်အပ်သော ခန္ဓာ အာယတန ဓာတ်တို့ကို ခွဲခြားဖြေဆို၍၊ ခန္ဓာဒိဥဒ္ဒေသ တွင် ပါဝင်ပြီးဖြစ်လျက် ဖဿသတ္တကရာသိကို ဟောတော်မူပြန်ရခြင်းအကြောင်းကိုလည်း ဖြေဆိုပါ။
၄။ အဓိမောက္ခပုဒ်၏ ပုစ္ဆာ ဝိသဇ္ဇနာပါဠိတို့ကို ဆဋ္ဌနယနိဒ္ဒေသနှင့်အညီ စုံလင်စွာ ရေးသားဖြေဆိုပါ။
၅။ (က) ဇီဝိတိန္ဒြိယေန ယေ ဓမ္မာ-၌ ယေ ဓမ္မာ-အရ တတိယနယ၊ (ခ) ပရိဒေဝေန ယေ ဓမ္မာ-၌ ယေ ဓမ္မာ-အရ စတုတ္ထနယတို့နှင့်အညီ စွဲပြ၍၊ စတုတ္ထနယနိဒ္ဒေသ၌ ဟောအပ်သောတရားမျိုးနှင့် ဟောအပ်သော ပုဒ်အပေါင်းကိုလည်း သင်္ချာမျှ ဖော်ပြပါ။
၆။ သမုဒယသစ္စေန ယေ ဓမ္မာ-ပါဠိကို အဋ္ဌမ, နဝမ, ဧကာဒသမနယတို့နှင့်အညီ အနက်ပေးခဲ့ပါ။
၇။ ဧကာဒသမနယနိဒ္ဒေသလာ ဥဒါန်းစဉ် ဂါထာကို ရေး၍၊ ဈာနေန ယေ ဓမ္မာ-၌ ယေ ဓမ္မာ-ကို ဒွါဒသမ နယနှင့်အညီ ယေစွဲပြပါ။
၈။ သင်္ဂဟိတေန သင်္ဂဟိတံ-၌ သင်္ဂဟိတအရ သင်္ဂဟ(၄)မျိုးတို့၏ အဓိပ္ပါယ်ကို သိသာရုံမျှ ဖော်ပြ၍၊ သင်္ချာဟောပုဒ် အတူထုတ်ရသော နယများကိုလည်း အသီးသီးယှဉ်တွဲပြခဲ့ပါ။
တစ်ပုစ္ဆာလျှင် (၁၀)မှတ်စီ။
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
ပထမလတ်တန်း။ ။ အောက်ယမိုက် မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၃) ရက် (၂၇-၂-၂၀၁၈) အင်္ဂါနေ့
ခွင့်ပြုချိန် ။ ။၃-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၃းဝဝ နာရီအထိ)
----------
၁။ ယေ ကေစိ အဗျာကတာ ဓမ္မာ၊ သဗ္ဗေ တေ အဗျာကတမူလေန ဧကမူလာ-ဟူသော အမေးပုစ္ဆာကို ဝိဘင်းထုတ်၍ အရကောက်ပြပါ။
၂။ ယမိုက်ကျမ်းကို ဟောရခြင်းအကြောင်းနှင့် မူလယမိုက်ကို ရှေးဦးစွာ ဟောရခြင်းအကြောင်းကို ဖြေဆိုပါ။
၃။ သင်္ခါရာ သင်္ခါရက္ခန္ဓော-ဟူသော ပုစ္ဆာကို ဝိဘင်းထုတ်အရကောက်ပြပြီး၊ ရုပ်လည်းမမည် ရူပက္ခန္ဓာလည်း မမည်သော တရားကိုလည်း ဖြေဆိုပါ။
၄။ (က) ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ နှစ်ပါးစုံ ချုပ်ဆဲရသော ပုဂ္ဂိုလ်, ဘုံ၊ (ခ) ဝေဒနာက္ခန္ဓာသာဖြစ်လတ္တံ့ရ၍ ရူပက္ခန္ဓာဖြစ်လတ္တံ့မရသော ပုဂ္ဂိုလ်တို့ကို ဖြေဆိုပါ။
၅။ အောက်ပါပုစ္ဆာတို့၌ (က)ကို အရကောက်၍၊ (ခ)၌ ဝိဘင်းထုတ်ပြီး တစ်ဘက်ရ တရားကို ကောက်ပြခဲ့ပါ။
(က) ယဿ ရူပက္ခန္ဓော ဥပ္ပဇ္ဇတိ၊ တဿ ဝေဒနာက္ခန္ဓော ဥပ္ပဇ္ဇိတ္ထ။
(ခ) ယဿ ယတ္ထ ဝေဒနာက္ခန္ဓော ဥပ္ပဇ္ဇိတ္ထ၊ တဿ တတ္ထ သညာက္ခန္ဓော ဥပ္ပဇ္ဇိဿတိ။
၆။ အောက်ပါတို့ကို ဝိဘင်းထုတ် အရကောက်ပြခဲ့ပါ။
(က) ဂန္ဓော ဂန္ဓာယတနံ (ခ) န ဓမ္မော န ဓမ္မာယတနံ
၇။ အောက်ပါတို့ကို ဖြေဆိုပါ။
(က) စက္ခာယတနသာဖြစ်ဆဲရ၍ ဃာနာယတနဖြစ်ဆဲမရသော ပုဂ္ဂိုလ်
(ခ) ဃာနာယတန ဇိဝှါယတန နှစ်ပါးစုံ ဖြစ်လတ္တံ့မရသော ပုဂ္ဂိုလ် ဘုံ
၈။ (က) သမုဒယသာမည်၍ သမုဒယသစ္စာမမည်သော တရား၊ (ခ) ယဿ ဒုက္ခသစ္စံ ဥပ္ပဇ္ဇတိ၊ တဿ မဂ္ဂသစ္စံ ဥပ္ပဇ္ဇတိ-ကို ဝိဘင်းထုတ်၍ နှစ်ဘက်ရကောက်ပြပြီး၊ သစ္စယမက ပဝတ္တိဝါရ၌ မဟောသော သစ္စာကို မဟောခြင်းအကြောင်းနှင့်တကွ ဖြေဆိုပါ။
တစ်ပုစ္ဆာလျှင် (၁၀)မှတ်စီ။
No comments:
Post a Comment