မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
ပထမကြီးတန်း။ ။ဒွေမာတိကာ မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၉) ရက် (၂၃-၂-၂၀၁၇) သောကြာနေ့
ခွင့်ပြုချိန် ။ ။၄-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၄းဝဝ နာရီအထိ)
--------
၁။ လေးငါးခြောက်ကြိမ်ထက်အလွန် အရိပ်အရောင်ပြပါလျက် ဝေယျာဝစ္စကရပုဂ္ဂိုလ်က သင်္ကန်းဝယ် မကပ်ခဲ့သော် ဆက်လက်လုပ်ဆောင်ရမည့် ကျင့်ဝတ်(အစီစဉ်)ပြ ပါဠိကိုသာ ရာဇသိက္ခာပုဒ်မှ ထုတ်နှုတ်ရေးသားခဲ့ပါ။၂။ ဘိက္ခုနီပါဋိဒေသနီသိက္ခာပုဒ်တို့တွင် နောက်ဆုံးသိက္ခာပုဒ်ကိုသာ အနက်ယောဇနာခဲ့ပါ။
၃။ ပါရာဇိကကျသောရဟန်း သာသာနာတော်မှ ဆုံးရှုံးပုံကို ရေးသား၍၊ ကုလဒူသကသိက္ခာပုဒ်လာ ကုလဒူသကရဟန်းက ရဟန်းကောင်းတို့အား အဂတိတရားလိုက်စားမှုဖြင့် ပြန်လည်စွပ်စွဲပုံကို မြန်မာလို ရေးသားပါ။
၄။ မဟာပေသကာရသိက္ခာပုဒ်လာ ယက်ကန်းရုံသွား၍ အထူးစပါယ်ရှယ်သင်္ကန်းဖြစ်အောင် စည်းရုံးသိမ်း သွင်းပုံပြ ပါဠိကို မြန်မာပြန်ပြ၍၊ ဘိက္ခုနီနှင့် ချိန်းချက်၍ မြစ်တဘက်ကမ်းသို့ လှေဖြင့် ကူးသော ရဟန်းအား နာဝါဘိရုဟနသိက္ခာပုဒ်အရ ပါစိတ်အာပတ်သင့်^မသင့် ပါဠိထောက်၍ ဆုံးဖြတ်ခဲ့ပါ။
၅။ ခမ္ဘကတဝဂ်လာ ဆွမ်းခံကျင့်စဉ်လေးပါးကို မြန်မာလိုရေးသား၍၊ ထိုလေးပါးတို့တွင် ပထမဦးဆုံးကျင့်စဉ် ကို ရှင်းလင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါ။
၆။ ဘိက္ခုနီသံဃာဒိသေသ်လာ ဘောဇနပဋိဂ္ဂဟဏသိက္ခာပုဒ်နှစ်ခု၏ ထူးခြားဟန်ကို သိသာရုံမျှ ရေးသား၍၊ ဘိက္ခုနီသည် ပုရိသလူသားနှင့် ဧကေနေကာ(နှစ်ကိုယ်တည်း) စကားပြောခွင့်ပင်မရှိကြောင်း ပညတ်ထား သော သိက္ခာပုဒ်အမည်များကို ဖော်ပြခဲ့ပါ။
၇။ သြမသဝါဒေ ပါစိတ္တိယံ-ဟု ပညတ်ထားသောကြောင့် မည်သည့်ပုဂ္ဂိုလ်ကိုမဆို ဆဲရေးက ပါစိတ်အာပတ် သင့်သည်ဟု မှတ်အပ်ပါသလော? ရှင်းလင်းဖြေဆို၍၊ အနညာပဒေသဆဲရေးနည်း, အညာပဒေသ ဆဲရေးနည်းတို့ကိုလည်း ရှင်းပြခဲ့ပါ။
၈။ ဘူတဂါမဝဂ်လာ သပ္ပါဏကသိက္ခာပုဒ်လာ ဥဒကံ-အရ ရည်ရွယ်ရင်းဖြစ်သော ရေအမျိုးအစားကို ဖော်ပြ၍၊ သံဝိဓာနသိက္ခာပုဒ်လာ ဘိက္ခုနီနှင့် ချိန်းဆို၍ ခရီးအတူသွားကောင်းရာ အခါများကိုလည်း ပြည့်စုံအောင် ရေးသားခဲ့ပါ။
၉။ သပ္ပါဏကဝဂ် သဉ္စိစ္စသိက္ခာပုဒ်နှင့် သပ္ပါဏကသိက္ခာပုဒ်တို့၌ ပါရှိသော ပါဏ-အရ တရားများ၏ ထူးခြားပုံကို ရေးသား၍၊ ကမ္မပ္ပပဋိဗာဟနသိက္ခာပုဒ်လာ ဓမ္မိကာနံ ကမ္မာနံ-၌ ကံလေးပါး၏ ဓမ္မိကဖြစ်ပုံ ကိုလည်း ရေးသားခဲ့ပါ။
၁၀။ အဋ္ဌဝတ္ထုကသိက္ခာပုဒ်လာ အသဒ္ဓမ္မအရ ကောက်ပြ၍၊ ဝတ္ထု(၈)ပါးပြည့်စုံဖို့ အစဉ်အတိုင်း အခွင့်အရေး ပေးမှ ပါရာဇိကကျသည်ဟု မှတ်အပ်ပါသလော? ကင်္ခါလာအတိုင်း ရှင်းပြခဲ့ပါ။
တစ်ပုစ္ဆာလျှင် (၁၀)မှတ်စီ။
မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
ပထမကြီးတန်း။ ။ ကစ္စည်းသဒ္ဒါကြီး မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၀) ရက် (၂၄-၂-၂၀၁၈) စနေနေ့
ခွင့်ပြုချိန် ။ ။၄-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၄းဝဝ နာရီအထိ)
----------
မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
ပထမကြီးတန်း။ ။ သင်္ဂဟ မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၁) ရက် (၂၅-၂-၂၀၁၈) တနင်္ဂနွေနေ့
ခွင့်ပြုချိန် ။ ။၄-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၄းဝဝ နာရီအထိ)
---------
မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
ပထမကြီးတန်း။ ။ အဘိဓာန်, အလင်္ကာ, ဆန်း မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၂) ရက် (၂၆-၂-၂၀၁၈) တနင်္လာနေ့
ခွင့်ပြုချိန် ။ ။၃-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၃းဝဝ နာရီအထိ)
-----
မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
ပထမကြီးတန်း။ ။ အထက်ယမိုက် မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၃) ရက် (၂၇-၂-၂၀၁၈) အင်္ဂါနေ့
ခွင့်ပြုချိန် ။ ။၃-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၃းဝဝ နာရီအထိ)
--------
မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
ပထမကြီးတန်း။ ။ ပဋ္ဌာန်း (ကုသလတိက်) မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၄) ရက် (၂၈-၂-၂၀၁၈) ဗုဒ္ဓဟူးနေ့
ခွင့်ပြုချိန် ။ ။၃-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၃းဝဝ နာရီအထိ)
-------
မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
ပထမကြီးတန်း။ ။ ကစ္စည်းသဒ္ဒါကြီး မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၀) ရက် (၂၄-၂-၂၀၁၈) စနေနေ့
ခွင့်ပြုချိန် ။ ။၄-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၄းဝဝ နာရီအထိ)
----------
၁။ (က) ဃဋာဒီနံ ဝါ-သုတ်အစီအရင်ကို တားမြစ်သောသုတ် (ခ) ကာရိယာတိဒေသ-သုတ်တို့ကို သုတ်, ဝုတ္တိ, ဥဒါဟရုဏ် ကုန်စင်အောင် ပါဠိရေးပါ။
၂။ (က) သေသေ ဿံ န္တု မာနာနာ (ခ) ပုထဿ ပုထုပထာ မော ဝါ-သုတ်တို့ကို အနက် (၂)နည်း အသီးအသီး ယောဇနာပါခဲ့ပါ။
၃။ ကိမ္ပိမာယ နှင့် ပုဂ္ဂလံ-ကို သန္ဓိရုပ်ကျဉ်း တွက်ပြပါ။ (ပုဂ္ဂလံ-ကို၂-နည်း)။
၄။ အနပုံသကာနီတိ ကိမတ္ထံ? သုခကာရိ ဒါနံ-ဝယ် သုခကာရိ-ကို နာမ်ရုပ် စနစ်တကျ တွက်ပြ၍ “ဘော ယ ,ဘော တ”-စသည် ယ, တ-သဗ္ဗနာမ်ပုဒ်တို့၌ အာလုပ်ရုပ်ရှိနိုင်^မရှိနိုင် အကြောင်းပြ ဆုံးဖြတ်ခဲ့ပါ။
၅။ အန္တိကံ ဂါမာ-ကို ရူပသိဒ္ဓိဆရာအလိုကျ အနက်ပေး၍ မာတိတော စ ပိတိတော စ သုဒ္ဓေါ-၌ မာတိတော-ကို ကာရကရုပ်ကျဉ်းတွက်ပြပြီးလျှင် ကဋ္ဌဿ တုဝံ မညေ-၌ သမ္ပဒါန်အင်္ဂါတို့ကိုလည်း ပြည့်စုံအောင် ဖော်ပြပါ။
၆။ အဗြာဟ္မဏော-ကို စနစ်တကျ သမာသ်ရုပ်တွက်ပြ၍ (က) ခဉ္ဇခုဇ္ဇော (ခ) အပဂတဘယဘေရဝေါ တို့ကို သမာသ်ဝိဂြိုဟ်ဆို၍ နာမည်မှန်အောင် ပေးခဲ့ပါ။
၇။ (က) ဓမ္မိကော (ခ) ယာမော-တို့ကို ဝိဂြိုဟ်ဆို၍ ပဒ, ပစ္စယ, ပစ္စယဝိဓိသုတ်တို့ကို ဖော်ပြပြီးလျှင် တဒဿတ္ထီတိ ဝီ စ-သုတ်၌ စသဒ္ဒါဖြင့်သက်သောပစ္စည်းတို့ကို ပုံစံနှင့်တကွ ဖော်ပြခဲ့ပါ။
၈။ ကြိယာတိပန္န အဓိပ္ပါယ်ကို ဖြေဆို၍ (က) ဇောတလတိ (ခ) သန္တာရတိ (ဂ) အဒက္ခ-တို့ကို ဓာတ်, ပစ္စည်း, ဝိဘတ် ဝေဘန်ပြပါ။
၉။ ရဟာဒိတော ဏ-သုတ်၌ အာဒိ-အရ ယူနိုင်သော ဓာတ်တို့ကို ပုံစံနှင့်တကွ ဖြေဆို၍ (က) အာဘာ (ခ) ဧဒီ-တို့ကိုလည်း ဓာတ်, ပစ္စည်း ဝေဘန်ပြပါ။
၁၀။ (က) သမ္ဗန္ဓသင်္ချာနှင့် (ခ) တိဂဏိကဓာတ် (၇) ပါးတို့တွင် အစ (၃)ပါးကိုသာ ပုဒ်စစ်ကျမ်းလာအတိုင်း ဖြေဆိုပါ။
တစ်ပုစ္ဆာလျှင် (၁၀)မှတ်စီ။
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
ပထမကြီးတန်း။ ။ သင်္ဂဟ မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၁) ရက် (၂၅-၂-၂၀၁၈) တနင်္ဂနွေနေ့
ခွင့်ပြုချိန် ။ ။၄-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၄းဝဝ နာရီအထိ)
---------
၁။ ကမ္မဋ္ဌာန်းပိုင်းလာ သောတာပတ္တိမဂ္ဂဝီထိစိတ်အစဉ်ဖြစ်ပုံပြ သင်္ဂဟစကားရပ်တို့ကို ပါဠိသက်သက် ရေးခဲ့ပါ။
၂။ ယေသံ သင်္ခတဓမ္မာနံ ၊ ယေ ဓမ္မာ ပစ္စယာ ယထာ - ဟူသော ပါဠိကို ပစ္ဆာဇာတဝိပ္ပယုတ္တပစ္စည်းနှင့် အညီ ပစ္စည်းသရုပ် ပစ္စယုပ္ပန်သရုပ် ပေါ်လွင်စေလျက် စနစ်တကျ အနက်ပေးခဲ့ပါ။
၃။ ”စိတ်ကောင်းမရှိ”ဟူသော စကား၌ “စိတ်ကောင်း”ဟု ခေါ်ဆိုထိုက်သော စိတ်တို့ကို ခံစားချက်ဖြင့် ဝေဘန်တင်ပြ၍၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိသောစိတ်တို့ကိုလည်း သက်ဆိုင်ရာအလုပ်ကိစ္စများဖြင့် ဝေဘန်တင်ပြခဲ့ပါ။
၄။ ”ပုခက်နှင့် အခေါင်းကြား”ဟုဆိုအပ်သော လူ့တစ်ဘဝတာအတွင်းဝယ် ရိုးရိုးလူသားတယောက်သန္တာန်၌ ဖြစ်သော ဇောစိတ်ကို ဖြေဆို၍၊ (၆)ကိစ္စတပ်သော စေတသိက်ကို ဖေါ်ပြပြီးလျှင်၊ ထိုစေတသိက်နှင့် ယှဉ်သောအကုသိုလ်စိတ်ကိုလည်း ကိစ္စဖြင့် ဝေဘန်ပြခဲ့ပါ။
၅။ ဤမေးခွန်းလွှာကို ကြည့်ရှုနေခိုက် စာဖြေအရှင်၏ သန္တာန်ဝယ် ဖြစ်ပေါ်လာသော ဝီထိစိတ်အစဉ်ကို တိကျစွာ ဖြေဆို၍၊ နေဝသညာနာသညာယတနဘုံသား တိဟိတ်ပုထုဇဉ်သန္တာန်၌ ရနိုင်သော ဝီထိစိတ်တို့ကိုလည်း ဖြေဆိုခဲ့ပါ။
၆။ (က) အာကိဉ္စညာယတနဘုံသား တိဟိတ်ပုထုဇဉ်ဗြဟ္မာကြီး သေလျှင်လည်းကောင်း၊ (ခ) ခွေးတစ်ကောင် သေလျှင်လည်းကောင်း ရောက်နိုင်သောဘုံတို့ကို ဖေါ်ပြ၍၊ အသညသတ်ဗြဟ္မာ၌ ပဋိသန္ဓေအခါ ရနိုင်သော ရုပ်တရားတို့ကိုလည်း ဖြေဆိုခဲ့ပါ။
၇။ ဈာနင်ထိုက်သော ဥပေက္ခာ၊ ဈာနင်မထိုက်သော ဥပေက္ခာတို့ကို သင်္ဂဟပါဠိအထောက်ဖြင့် ခွဲခြားပြ၍၊ မိဿကသင်္ဂဟလာ ပညာစေတသိက်၏ ရနိုင်သမျှသော အမည်တို့ကိုလည်း ဖေါ်ပြခဲ့ပါ။
၈။ ”သင်္ခါရပစ္စယာ ဝိညာဏံ”၌ အကြောင်းသင်္ခါရနှင့် အကျိုးဝိညာဏ်တို့ကို တွဲစပ်ပြ၍၊ အဘိဓမ္မတ္ထ- သင်္ဂဟကျမ်းကို ရေးသားပြုစုရန် တောင်းပန်လျောက်ထားသော ဒါယကာ၏အမည်၊ ယင်းဒါယကာ၏ ဂုဏ်ရည်၊ တောင်းပန်လျောက်ထားရခြင်း၏အကြောင်းတို့ကိုလည်း ဖြေဆိုခဲ့ပါ။
၉။ တဏှာမှတပါး ဒုက္ခ၏ အကြောင်းတရားများစွာရှိပါလျက် တဏှာကိုသာ သမုဒယသစ္စာဖွဲ့ရခြင်း အကြောင်းကို ဖြေဆို၍၊ အာရမ္မဏာဓိပတိပစ္စည်းနှင့် အာရမ္မဏူပနိဿယပစ္စည်းတို့၏ အထူးကိုလည်း ဖြေဆိုခဲ့ပါ။
၁၀။ ပထဝီကသိဏ-အရ ဖြစ်သင့်သမျှ မုချ, ဥပစာအားဖြင့် ခွဲခြားကောက်ပြ၍၊ ပရစိတ္တဝိဇာနနအဘိညာဏ်၏ အာရုံပြုနိုင်သော တရားတို့ကိုလည်း ဝါဒနှစ်မျိုးဖြင့် ခွဲခြားတင်ပြခဲ့ပါ။
တစ်ပုစ္ဆာလျှင် (၁၀) မှတ်စီ။
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
ပထမကြီးတန်း။ ။ အဘိဓာန်, အလင်္ကာ, ဆန်း မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၂) ရက် (၂၆-၂-၂၀၁၈) တနင်္လာနေ့
ခွင့်ပြုချိန် ။ ။၃-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၃းဝဝ နာရီအထိ)
-----
၁။ အောက်ပါတို့ကို မြန်မာပြန်ဆိုပါ။
(က) အရ (ခ) မယူခ (ဂ) ဝိဓိ (ဃ) ဂီတိ (င) နီဟာရ၊
(စ) မေတ္တိ (ဆ) ဂေါဋ္ဌ (ဇ) ဂေါပ္ဖက (ဈ) နီယုရ (ည) ဝါရဝါဏ၊
၂။ အောက်ပါတို့ကို ပါဠိပြန်ဆိုပါ။
(က) အခါး (ခ) အနောက်ကျွန်း (ဂ) သစ်တပ်ခံတပ်မြို့ (ဃ) အပျို (င) အရက်ဝိုင်း၊
(စ) ယဇ်ပလ္လင် (ဆ) ရွှံ့ (ဇ) တီ (ဈ) မြစ်ဆုံ (ည) ဗီလုံး၊
၃။ ယမ, နိယမအထူးနှင့် မာဂဓ, ဥဂ္ဂ, သူတတို့၏ အထူးကို အဘိဓာန်နှင့်အညီ ဖြေဆိုပါ။
၄။ ဟင်းရွက်အထူး(၅)မျိုးကို ပါဠိ+မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြ၍ နေက္ခမ္မသဒ္ဒါ၏ အနက်ကိုလည်း မြန်မာ ဘာသာဖြင့် ဖော်ပြပါ။
၅။ ”တောင်ထိပ်ကြာပေါက်”-ဟူသော စကား၌ သင့်ရောက်သောဒေါသ၏ အဖြေပြဂါထာကို အနက် ယောဇနာပါ။
၆။ ကျမ်းဂန်မရေးသော်လည်း ကျမ်းပြုဆရာတစ်ယောက်ဟု ခေါ်ဆိုနိုင်သော ပုဂ္ဂိုလ်၏ ပြည့်စုံရမည့် ဂုဏ်အင်္ဂါပြဂါထာကို ပါဠိသက်သက် ရေးခဲ့ပါ။
၇။ (က၊ခ)တို့၌ သင့်ရောက်သော အပြစ်၊ (ဂ)၌ မြောက်သော ဂုဏ်တို့ကို အကြောင်းပြ ဖြေဆိုပါ။
(က) အက္ခရာလေးဆယ်၊ တစ်လုံးစွယ်ထား၊ နှုတ်ဝယ်ဆောင်သူ၊ စာချသူ။
(ခ) ဒါနပြုက၊ မျက်နှာမလှ၊ မွဲရုံမျှ။
(ဂ) ထကြွသိမ်းဆည်း၊ မျှသုံးစွဲ၊ ပေါင်းမြဲ မိတ်ဆွေကောင်း။
၈။ နမော တေ ဗုဒ္ဓ ဝီရတ္ထု-၌ နမော-ကို ရှုလျက် ဘာဝါလင်္ကာရ စုံလင်စွာ ထုတ်ပြပါ။
၉။ ဂါထာ(၃)မျိုးအထူးကို ရေး၍၊ ဂိုဏ်းတူလျက် အမည်ထူးကို သိစေလိုသောကြောင့် ထပ်ဆိုအပ်သော သမဝုတ္တိဂါထာများကို ပါဠိမျှ ရေးခဲ့ပါ။
၁၀။ (က) ဂါယတ္တီဆန်း၏ (၁၂)တန့်မြောက်၌ရှိသော ဂါထာ၏ ဂရုလဟုအနေအထား၊ (ခ) ဟလမုခီဂါထာ၏ တည်ရာအတန့်ကို ဖော်ပြ၍၊ပတ္ထာရဖြန့်နည်းပြ ဂါထာကို ဆန်းစစ်၍ ဂါထာအမည်,ဆန်းအမည် ပေးခဲ့ပါ။
တစ်ပုစ္ဆာလျှင် (၁၀)မှတ်စီ။
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
ပထမကြီးတန်း။ ။ အထက်ယမိုက် မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၃) ရက် (၂၇-၂-၂၀၁၈) အင်္ဂါနေ့
ခွင့်ပြုချိန် ။ ။၃-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၃းဝဝ နာရီအထိ)
--------
၁။ (က) ကာယသင်္ခါရသာမည်၍ ကာယ မမည်သောတရား၊ (ခ) စိတ္တ, စိတ္တသင်္ခါရ နှစ်ပါးစုံ မမည်သော တရားတို့ကို ဖြေဆို၍၊ (ဂ) တစ်နာရီလျှင် (ဃ) တစ်နေ့လျှင် ထွက်သက် ဝင်သက်ပေါင်း မည်မျှ ဖြစ်သည်ကိုလည်း ဖေါ်ပြခဲ့ပါ။
၂။ ယဿ ကာယသင်္ခါရော ဥပ္ပဇ္ဇတိ၊ တဿ ဝစီသင်္ခါရော ဥပ္ပဇ္ဇတီတိ-ကို ဝိဘင်းပါဠိ ပြည့်စုံစွာ ထုတ်ပြ၍၊ ဝစီသင်္ခါရ စိတ္တသင်္ခါရ နှစ်ပါးစုံ ဖြစ်လတ္တံ့ မရသော ပုဂ္ဂိုလ်ကိုလည်း ကောက်ပြခဲ့ပါ။
၃။ ယဿ ဝါ ပန ယတ္ထ မာနာနုသယော အနုသေတိ၊ တဿ တတ္ထ ကာမရာဂါနုသယော စ ပဋိဃာနုသယော စ အနုသေန္တီတိ-ကို ဝိဘင်းပါဠိ ပြည့်စုံစွာ ထုတ်ပြ၍၊ တစ်ဘက်ရမျှသာ ကောက်ပြခဲ့ပါ။
၄။ ယော ဒိဋ္ဌာနုသယံ ပဇဟတိ၊ သော အဝိဇ္ဇာနုသယံ ပဇဟတီတိ-ကို ဝိဘင်းပါဠိ ထုတ်ပြ၍၊ ၎င်းင်းအဖြေဝိဘင်းပါဠိကိုသာ အနက်ပေးပြပြီးလျှင်၊
(က) ရူပဓာတုယာ စုတဿ ရူပဓာတုံ ဥပပဇ္ဇန္တဿ၊
(ခ ) န ကာမဓာတုယာ စုတဿ ကာမဓာတုံ ဥပပဇ္ဇန္တဿ-တို့ကိုလည်း သရုပ်ပေါ်လွင်စေလျက် အနက်ပေးပြခဲ့ပါ။
၅။ စိတ္တယမိုက် သုတ္တန္တစိတ္တမိဿကဝိသေသလာ (က) သံခိတ္တ (ခ) သမာဟိတ-အရတို့ကို ကောက်ပြ၍၊ ယဿ စိတ္တံ ဥပ္ပဇ္ဇိတ္ထ၊ တဿ စိတ္တံ ဥပ္ပဇ္ဇိဿတီတိ-ကိုလည်း ဝိဘင်းထုတ်၍ အရလည်း ကောက်ပြခဲ့ပါ။
၆။ သုဒ္ဓစိတ္တသာမည-နိဒ္ဒေသ-ပုဂ္ဂလ-အတိက္ကန္တကာလဝါရ အနုလုံ ပဋိလောမ ပုစ္ဆာ ဝိဿဇ္ဇနာ ဝိဘင်းပါဠိ ပြည့်စုံစွာ ထုတ်၍ အရကောက်ပြပြီးလျှင်၊ ယင်းသို့ အဖြေဝိဘင်းပါဠိ ထုတ်ရခြင်းအကြောင်းကိုလည်း ဖြေဆိုခဲ့ပါ။
၇။ ယဿ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ၊ တဿ အကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တီတိ-ကို ဝိဘင်းထုတ်၍၊ တစ်ဘက်ရသာ ကောက်ပြပြီးလျှင်၊ ကုသိုလ်,အဗျာကတတရား နှစ်ပါးစုံ ချုပ်လတ္တံ့ မရသော ပုဂ္ဂိုလ်ကိုလည်း ဝိဘင်းနှင့် တကွ ကောက်ပြခဲ့ပါ။
၈။ ယော ကုသလံ ဓမ္မံ န ဘာဝေတိ၊ သော အကုသလံ ဓမ္မံ န ပဇဟိဿတီတိ-ကို ဝိဘင်းထုတ်၍ အရကောက်ပြပြီးလျှင်၊ ဓမ္မယမိုက် ဘာဝနာဝါရ၌ အဗျာကတဓမ္မ မဟောရခြင်းအကြောင်းကိုလည်း ဖြေဆိုခဲ့ပါ။
၉။ အောက်ပါတို့ကို ဣန္ဒြိယယမိုက် ပဏ္ဏတ္တိဝါရနှင့်အညီ ကောက်ပြခဲ့ပါ။
(က) ဥပေက္ခာသာ မည်၍ ဥပေက္ခိန္ဒြေ မမည်သောတရား၊
(ခ) ဥပေက္ခာသာ မည်၍ ဣန္ဒြေ မမည်သောတရား၊
(ဂ) ကာယသာ မည်၍ ဣန္ဒြေ မမည်သောတရား။
၁၀။ ကြိုးစားအားထုတ်သူတိုင်း ပညာရှင် ဖြစ်နိုင်^မဖြစ်နိုင် ဣန္ဒြိယယမိုက် ပဝတ္တိ ဥပ္ပါဒ ပစ္စုပ္ပန္နဝါရ အမြင်ဖြင့် သာဓကပြ ဖြေဆို၍၊ ဇီဝိတိန္ဒြေ, သောမနဿိန္ဒြေ နှစ်ပါးစုံ မဖြစ်ဘူးသော ပုဂ္ဂိုလ်, ဘုံတို့ကိုလည်း ကောက်ပြခဲ့ပါ။
တစ်ပုစ္ဆာလျှင် (၁၀)မှတ်စီ။
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
ပထမကြီးတန်း။ ။ ပဋ္ဌာန်း (ကုသလတိက်) မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၄) ရက် (၂၈-၂-၂၀၁၈) ဗုဒ္ဓဟူးနေ့
ခွင့်ပြုချိန် ။ ။၃-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၃းဝဝ နာရီအထိ)
-------
၁။ အနန္တရပစ္စည်း, ပစ္စယုပ္ပန်တရားတို့၏ သင်္ခေပလက္ခဏာကို ပြသော ပစ္စယနိဒ္ဒေသပါဠိတော်ကိုသာ အရကောက်ပြခဲ့ပါ။
၂။ (၂၄)ပစ္စည်းတို့တွင် ဌီခဏ၌သာ ကျေးဇူးပြုသောပစ္စည်း၏ ပစ္စယနိဒ္ဒေသ နိဒဿနာကာရ စကားရပ် ကိုသာ ပါဠိတော်သက်သက် ရေးခဲ့ပါ။
၃။ ကာမပဋိသန္ဓေစိတ်၊ ရူပပဋိသန္ဓေစိတ်တို့၏ အာရုံပစ္စည်းတရားတို့ကို ပဋိစ္စဝါရ အနုလောမ ဝိဘင်္ဂဝါရ အာရမ္မဏပစ္စည်းနှင့်အညီ ကောက်ပြ၍၊ အဗျာကတံ ဓမ္မံ ပဋိစ္စ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိပစ္စယာ-၌ ဟိတ်ပါဌ်အရ အာရမ္မဏာဓိပတိသတ္တိမျှသာ ကောက်ပြခဲ့ပါ။
၄။ ပဋိစ္စဝါရ အနုလောမ ဝိဘင်္ဂဝါရ ပုရေဇာတပစ္စည်း “အဗျာကတေန အဗျာကတံ”၌ ပဝတ္တိအခါ ဟိတ်ပါဌ်အရ ဟဒယဝတ္ထုပစ္စည်း၏ ပုရေဇာတနိဿယသတ္တိမျှသာ ကောက်ပြ၍၊ ဆဝါရ အနုလုံ၌ မဟောသောပစ္စည်းကိုလည်း အကြောင်းပြ ဖြေဆိုခဲ့ပါ။
၅။ အဗျာကတံ ဓမ္မံ ပဋိစ္စ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ကမ္မပစ္စယာ-၌ (က) ပဋိသန္ဓေအခါ နာနာက္ခဏိက ကမ္မသတ္တိ၊ (ခ) ရုပ်သက်သက်၌ ကတ္တားပုဒ်အရ ကောက်ပြ၍၊ နာနာက္ခဏိကကမ္မပစ္စည်း၏ ပါကကာလ ကိုလည်း သတ်မှတ်ပြခဲ့ပါ။
၆။ ”န ဟေတုပစ္စယာ ဣန္ဒြိယေ” ကို ပဋိစ္စဝါရနှင့်အညီ ဆိုရိုးကျ ပစ္စည်းတွန်းပြ၍၊ ပဋိစ္စဝါရ ပစ္စနီက ဝိဘင်္ဂဝါရ “န ဈာန”ပစ္စည်း၏ “အဗျာကတေန အဗျာကတံ”၌ ပဝတ္တိအခါနှင့်သာဆိုင်သော အနုဝါဒကိုသာ ပါဠိတော်သက်သက် ရေးသား၍၊ ကတ္တားပုဒ်အရသာ ကောက်ပြခဲ့ပါ။
၇။ အကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော-၌ ကတ္တားပုဒ်အရ နှစ်နည်းမျှ ကောက်ပြ၍၊ အနုလောမံ ဂေါတြဘုဿ အနန္တရပစ္စယေန ပစ္စယော-၌ ပစ္စည်း, ပစ္စယုပ္ပန်, ပစ္စယသတ္တိ တို့ကိုလည်း ကောက်ပြခဲ့ပါ။
၈။ ပဉှာဝါရ အနုလောမ ဝိဘင်္ဂဝါရ အညမညပစ္စည်း “အဗျာကတော အဗျာကတဿ”၌ ပဋိသန္ဓေအခါ ကတ္တား, သမ္ပဒါန်, ကရိုဏ်းပုဒ်အရ ကောက်ပြ၍၊ ပြိုင်နိုင်သမျှသော ပစ္စယသတ္တိတို့ကို (က) တပြိုင်နက်၊ (ခ) ယထာရဟ ခွဲပြပြီးလျှင်၊ ယထာရဟဖြစ်ခြင်း၏ အကြောင်းကိုလည်း ဖြေဆိုခဲ့ပါ။
၉။ (က)အွန်လိုင်းပေါ်၌ မဟုတ်မမှန်သတင်းကို တွေ့မြင်၍ ဒေါသထွက်ပေါက်ကွဲနေသူ၏သန္တာန်၌ ဖြစ်ပေါ်နေသော အကြောင်း, အကျိုး, စွမ်းရည်သတ္တိတရားတို့ကို ပဉှာဝါရ အာရမ္မဏပစ္စည်းအမြင်ဖြင့် လည်းကောင်း၊ (ခ) ကြက်သတ်၍ ကာလသားကြက်သားဟင်းဖြင့် သားရဟန်းအား ဆွမ်းကပ်သော ဖခင်၏သန္တာန်၌ ဖြစ်ပေါ်နေသော အကြောင်း, အကျိုး, စွမ်းရည်သတ္တိတရားတို့ကို ပဉှာဝါရ ပကတူပနိဿယအမြင်ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါ။
၁၀။ ပဉှာဝါရ အနုလောမ ဝိဘင်္ဂဝါရ အတ္ထိပစ္စည်း “ကုသလာဗျာကတော အဗျာကတဿ”၌ ကတ္တားပုဒ်အရ ပစ္ဆာဇာတအာဟာရမိဿကအနေဖြင့် ကောက်ပြ၍၊ ဟေတုသဘာဂ၌ “ဟေတုပစ္စယာ အဓိပတိယာ” အရ နှစ်ဘက်ရတရားကိုသာ ကောက်ပြပြီးလျှင်၊ အဓိပတိပစ္စည်း၏ အနုလုံ ဃဋနာ (၃၀)ကိုလည်း အကျဉ်းချုပ် ရေတွက်ပြခဲ့ပါ။
တစ်ပုစ္ဆာလျှင် (၁၀)မှတ်စီ။
No comments:
Post a Comment