မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
သီးခြားစာသင်တန်း။ ။ဒွေမာတိကာ မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၉) ရက် (၂၃-၂-၂၀၁၇) သောကြာနေ့
ခွင့်ပြုချိန် ။ ။၄-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၄းဝဝ နာရီအထိ)
--------
၂။ သိက္ခာသာဇီဝသမာပန္နအဓိပ္ပါယ်ကို ရေး၍၊ သိက္ခာအရ မယူအပ်သော အဓိသီလအမျိုးအစားကို အကြောင်းနှင့်တကွ ဖြေဆိုကာ၊ ပထမအကြိမ် လွတ်လပ်ရေးနေ့၌ ရဲဘော်သုံးကျိပ်၏ ကျေးဇူးတရားများကို ထုတ်ဖော်ချီးကျူးမိသော ရဟန်းတော်များ တတိယသိက္ခာပုဒ်အရ ပါရာဇိကကျ^မကျ စိစစ်ပြခဲ့ပါ။
၃။ မေထုနဓမ္မမည်သည် တူညီသော ဆန္ဒရာဂရှိသူနှစ်ဦးတို့၏ အမှုကိစ္စဖြစ်ပါလျက် မေထုန်မှီဝဲခြင်း လုံးဝ မရှိသော လမ္ဗီပုဂ္ဂိုလ်ကို ပထမပါရာဇိကစာရင်းသွင်းကာ သီးခြားဆိုရခြင်း၏ အကြောင်းကို ပြဆိုကာ၊ “တပည့်လိမ္မာ ဆရာအာပတ်လွတ်” ထုံးကို တလွဲသုံး၍ အကင်းပါးသော အမျိုးသမီး၏ အလိုက်တသိ သုံးသပ်လာမှုကို မလှုပ်မယှက် ငြိမ်သက်စွာ မှိန်း၍ သာယာနေသော ရဟန်းအား ကာယသံသဂ္ဂအာပတ် သင့်^မသင့် ယုတ္တိပြ ဆုံးဖြတ်ခဲ့ပါ။
၄။ ရုပ်မြင်သံကြားဇာတ်လမ်းထဲမှ သေနတ်သမားအား ကျေးဇူးစကားဆိုမိသော ရဟန်းတော်တစ်ပါးကို ပါရာဇိကဖြင့် စွပ်စွဲခြင်းသည် မည့်သည့်စောဒနာမျိုးဖြစ်သည်ကို ရှင်းပြ၍၊ ထိုသို့သော အခြေအမြစ်မရှိသည့် စွပ်စွဲမှုမျိုးကို ဝိနည်းတော်က ခွင့်ပြုထား^မထားကိုလည်း ရှင်းလင်းပြခဲ့ပါ။
၅။ ပုရာဏစီဝရဟူသည် ဝတ်ရုံသုံးဆောင်၍ မရနိုင်တော့သော သင်္ကန်းအဟောင်းအစုတ်ကို ဆိုလိုပါသလော? ရှင်းပြ၍၊ ရာဇသိက္ခာပုဒ်လာ ကပ္ပိယကာရက(၁၀)ဦးတွင် ဘိက္ခုနိဒ္ဒိဋ္ဌဝေယျာဝစ္စကာရီနှင့် ဒူတ နိဒ္ဒိဋ္ဌဝေယျာဝစ္စကာရီပုဂ္ဂိုလ်သရုပ်ကို ပါဠိလိုရေတွက်ပြကာ၊ မုခဝေဝဋိကကပ္ပိယကာရကအဓိပ္ပါယ်ကိုလည်း ရေးခဲ့ပါ။
၆။ မိမိအား ရွှေငွေလှူသည်ကို သာယာရုံ လိုချင်ရုံမျှဖြင့် ဥပနိက္ခိတ္တံ ဝါ သာဒိယေယျ-အရ အာပတ်မသင့်နိုင် ကြောင်းကို အဋ္ဌကထာအလိုကျ ဖြေဆို၍၊ သံဃာ့အလယ်၌ ရွှေငွေပြန်စွန့်ပုံ ပါဠိကို ရေးသားကာ၊ ရွှေငွေအလှူခံမိသော ရဟန်းသည် ၎င်းင်းရွှေငွေနှင့် ပတ်သက်၍ အကျိုးခံစားခွင့် လုံးဝမရှိပုံကို အဋ္ဌကထာ လာအတိုင်း ရေးခဲ့ပါ။
၇။ မုသားဆိုခြင်းကြောင့် သင့်ရောက်နိုင်သော ပြစ်ဒဏ်(အာပတ်)များကို ပြစ်မှုအားလျော်စွာ ဖော်ပြ၍၊ ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စက်ယန်ဟီးလီကို ပြည့်တန်ဆာသဖွယ် ခိုင်းနှိုင်းခြင်းဖြင့် သြမသဝါဒသိက္ခာပုဒ်အရ ပါစိတ်အာပတ်မသင့်ဘဲ ဒုက္ကဋ်အာပတ်သာ သင့်ရောက်ပုံကို သေချာစွာ စိစစ်ပြခဲ့ပါ။
၈။ အုတ်တံတိုင်းကို ကျော်၍ ပစ်လှူအပ်သော ဆွမ်းထုပ်ကို လက်ဖြင့် ဖမ်းယူသော အကျဉ်းစံရဟန်းအား ဒန္တပေါဏသိက္ခာပုဒ်အရ အပြစ်ရှိ^မရှိ စိစစ်၍၊ မဟာဝိကဋလေးပါးသရုပ်ကို ရေတွက်ပြကာ၊ ၎င်းင်း လေးပါးကို အကပ်မခံဘဲ ကိုယ်တိုင်ယူငင် သုံးဆောင်ကောင်းသော အရေးပေါ်အခြေအနေကိုလည်း ဖော်ညွှန်းခဲ့ပါ။
၉။ သုပ္ပဋိစ္ဆန္နဖြစ်အောင် ဝတ်ရုံပုံကို အဋ္ဌကထာအဖွင့်အတိုင်း ရေးသား၍၊ ဂိလာနပုဂ္ဂိုလ်များကိုပင် ကင်းလွတ်ခွင့် မပေးနိုင်လောက်အောင် တင်းကြပ်စွာ ပညတ်ထားသော သေခိယသိက္ခာပုဒ်များကိုသာ ရေတွက်ပြခဲ့ပါ။
၁၀။ ဆသဋ္ဌိသတာ ပါစိတ္တိယာ သရုပ်ကို ဝဂ်နှင့် သိက္ခာပုဒ်အရေအတွက်အတိုင်း ပြည့်စုံအောင် ဖော်ပြ၍၊ ဘိက္ခုနီ ပါဋိဒေသနီသိက္ခာပုဒ် ရှစ်ခုတွင် အလယ်နှစ်ခုကိုသာ ပါဠိသက်သက် ရေးသားခဲ့ပါ။
တစ်ပုစ္ဆာလျှင် (၁၀)မှတ်စီ။
မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
သီးခြားစာသင်တန်း။ ။ သဒ္ဒါ မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၀) ရက် (၂၄-၂-၂၀၁၈) စနေနေ့
ခွင့်ပြုချိန် ။ ။၄-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၄းဝဝ နာရီအထိ)
----
မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
သီးခြားစာသင်တန်း။ ။ သင်္ဂဟ မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၁) ရက် (၂၅-၂-၂၀၁၈) တနင်္ဂနွေနေ့
ခွင့်ပြုချိန် ။ ။၄-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၄းဝဝ နာရီအထိ)
-------
မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
သီးခြားစာသင်တန်း။ ။ ဂါထာ မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၂) ရက် (၂၆-၂-၂၀၁၈) တနင်္လာနေ့
ခွင့်ပြုချိန် ။ ။၄-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၄းဝဝ နာရီအထိ)
------
မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
သီးခြားစာသင်တန်း။ ။ ညဝါ မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၃) ရက် (၂၇-၂-၂၀၁၈) အင်္ဂါနေ့
ခွင့်ပြုချိန် ။ ။၄-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၄းဝဝ နာရီအထိ)
----
မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ်
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
သီးခြားစာသင်တန်း။ ။ သဒ္ဒါ မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၀) ရက် (၂၄-၂-၂၀၁၈) စနေနေ့
ခွင့်ပြုချိန် ။ ။၄-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၄းဝဝ နာရီအထိ)
----
၁။ တတ္ထောဒန္တာ သရာ အဋ္ဌ-သုတ်၌ သရော အဋ္ဌ-ဟုမဆိုပဲ သရာ အဋ္ဌ-ဟုဆိုရခြင်းအကြောင်းကို ရေး၍ သေယျော-၌ ဧ-ကို ရဿလော^ဒီဃလော? ဆုံးဖြတ်ပြီးလျှင် တဿတ္ထော-ကိုလည်း ပဒစ္ဆေဒ (၂)နည်း ပုဒ်ဖြတ်ပြခဲ့ပါ။
၂။ ဗုဒ္ဓမ် သရဏမ် ဂစ္ဆာမိ-ကို သန္ဓိရုပ်ကျဉ်းတွက်ပြ၍ ပယိရုဒါဟာသိ-ကို ပုဒ်ဖြတ်ပြီးလျှင် သာရမတိနော-ကိုလည်း နာမ်ရုပ်ကျဉ်းတွက်ပြခဲ့ပါ။
၃။ သတ္ထုနတ္တဉ္စ-သုတ်၌ သတ္ထု-သဒ္ဒါနှင့် သကမန္ဓာတာဒီနဉ္စ-သုတ်တို့ကို ထပ်ဆိုရခြင်းအကျိုးကို ရေး၍ သုခကာရိ ဒါနံ-၌ သုခကာရိ-ကို ပထမာ ဒုတိယာဝိဘတ်(၂)သွယ်ဖြင့် နာမပဒမာလာစဉ်ခဲ့ပါ။
၄။ ယညဒတ္တော ဒေဝဒတ္တံ ဂမယတိ-၌ ယညဒတ္တော-ကို ကာရကရုပ် စနစ်တကျ တွက်ပြ၍၊ ဟေတွတ္ထေ စ-သုတ်၌ ဟေတု-အဓိပ္ပါယ်ကို ရေးပြီးလျှင် ဝိသေသနေ စ-သုတ်၌ စ-သဒ္ဒါဖြင့် ယူနိုင်သော အနက်တို့ကိုလည်း ပြည့်စုံအောင် ဖော်ပြခဲ့ပါ။
၅။ အစန္ဒမုလ္လောကိကာနိ-ကို စနစ်တကျ သမာသ်ရုပ်တွက်ပြပြီးလျှင် (က) နိက္ကိလေသော (ခ) သတ္တဋ္ဌမာသာ-တို့ကို သမာသ်ဝိဂ္ဂဟပြု၍ သမာသ်နာမည်မှန်အောင် ပေးခဲ့ပါ။
၆။ (က) သာဒရိကော (ခ) ဧတ္တကံ (ဂ) ကောသဇ္ဇံ (ဃ) ကေသဝေါ (င) တေဓာ-တို့ကို ဝိဂ္ဂဟပြု၍ ပဒ, ပစ္စယ, ပစ္စယဝိဓိတို့ကို အသီးအသီး ဝေဘန်ပြပါ။
၇။ သော ဂါမံ ဇဂါမ ကိရ-၌ ဇဂါမ-ကို အာချတ်ရုပ်တွက်ပြ၍ ကရ-ဓာတ်ကိုလည်း သတ္တမီ ပရဿပုဒ် ပထမပုရိသ်ဖြင့် အာချာတပဒမာလာစဉ်ပါ။
၈။ ဧကကာလိကပစ္စည်း, ဒွိကာလိကပစ္စည်းတို့ကို သုတ်ထောက်ကောက်ပြ၍ တိကိစ္စာသိဋ္ဌေ-သုတ်၏ အင်္ဂါတို့ကို ဖော်ပြပြီးလျှင် ဗုဓဂမာဒိတ္ထေ ကတ္တရိ-သုတ်၌ အတ္ထေ-သဒ္ဒါပို ဆိုရခြင်းအကျိုးကိုလည်း ဖော်ပြခဲ့ပါ။
၉။ တိဂဏိကဓာတ် (၇)ပါးတို့တွင် နောက်ဆုံး (၃)ပါးကို ပုဒ်စစ်ကျမ်းလာအတိုင်း ဖြေဆို၍ အနကာ ယုဏွူနံ-သုတ်နှင့် တစ်စိတ်တစ်ပိုင်း အစီအရင်တူသော သုတ်ကိုလည်း သုတ်, ဝုတ္တိမျှ ပါဠိသက်သက် ရေးခဲ့ပါ။
၁၀။ ယဝတံ တ လ န ဒကာရာနံ ဗျဉ္ဇနာနိ-ကို ဖြစ်သင့်သော နည်း, ဥပစာ ဆိုရိုးကျရေး၍၊ သဝတိ ဟိံသတိ ဧတေနာတိ သတ္ထံ-ကိုလည်း အာဘော်ဖော်၍သံဝဏ္ဏနာအမည်ပေးခဲ့ပါ။
တစ်ပုစ္ဆာလျှင် (၁၀)မှတ်စီ။
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
သီးခြားစာသင်တန်း။ ။ သင်္ဂဟ မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၁) ရက် (၂၅-၂-၂၀၁၈) တနင်္ဂနွေနေ့
ခွင့်ပြုချိန် ။ ။၄-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၄းဝဝ နာရီအထိ)
-------
၁။ အဘိဓမ္မတ္ထဝိဘာဝိနီဋီကာ၏ “ဋီကာကျော်”ဟု နာမည်ကျော်ကြား ထင်ရှားရခြင်းအကြောင်းနှင့် ဋီကာကျော်၏ မှီရာကျမ်းဂန်တို့ကို ဖော်ပြပြီး ဋီကာကျော်ကျမ်းကို (၂၄)ရက်တည်းဖြင့် အပြီးတိုင်အောင် ရေးသားနိုင်ရခြင်း၏ အကြောင်းတို့ကို သုတေသီဆန်ဆန် ဝေဘန်ပြခဲ့ပါ။
၂။ စိတ်ဖြစ်ရန် လိုအပ်သောအကြောင်းတရားတို့ကို ဖော်ပြပြီး၊ အကုသိုလ်စိတ်တို့တွင် (က) ဘာဝနာယ ပဟာတဗ္ဗအကုသိုလ်စိတ် (ခ) သိယာ ဘာဝနာယ ပဟာတဗ္ဗ, သိယာ ဒဿနေန ပဟာတဗ္ဗ အကုသိုလ်စိတ်တို့ကို အကြောင်းပြ၍ ဖော်ပြပါ။
၃။ ဝိဓိနာ ဤရိယံ ဝီရိယံ-ဟူသော ဝစနတ္ထ၌ ဝိဓိသရုပ်ကိုထုတ်ပြပြီး၊ ဆန္ဒနံ ဆန္ဒော၊ အာရမ္မဏေန အတ္ထိကတာ-၌ အာရမ္မဏေန အတ္ထိကတာ-ဖြင့် ပြအပ်သော နိဝတ္တေတဗ္ဗတ္ထကို ရေး၍၊ အဟိရိကံ-၌ အန္တတ္ထအရ ကောက်ပြပါ။
၄။ အာဝဇ္ဇန်းဒွေး၏ ဇောကိစ္စမတပ်ရခြင်းအကြောင်းကို ရေး၍၊ မနောယေဝ ဒွါရံ မနောဒွါရံ-၌ မန-အရ အကြောင်းပြ၍ ကောက်ပြပြီး၊ မဟာကုသိုလ်ဉာဏဝိပ္ပယုတ်စိတ်၏ မဟဂ္ဂုတ်ကို အာရုံပြုရာ အခါကိုလည်း ဖော်ပြပါ။
၅။ ရိုးရိုးပဉ္စမဈာန်၊ အဘိညာဉ်ပဉ္စမဈာန်တို့၏ ဖြစ်ပုံအထူးကို သင်္ဂဟသာဓကဖြင့် ဖြေဆိုပြီး၊ အဘိညာဉ် ပဉ္စမဈာန်ဇောတစ်ကြိမ်သာ ဖြစ်ရခြင်း, ပဋိသန္ဓေကျိုး မပေးနိုင်ခြင်းအကြောင်းတို့ကိုလည်း အသီးသီး ဖြေဆိုပါ။
၆။ လူသတ်သမားကို သူရဲကောင်း-ဟု ယူဆမှုသည် အဘယ်ကို အခြေခံ၍ ဖြစ်ပေါ်လာသနည်း? ရှင်းပြပြီး၊ ပါဏာတိပါတ၌ ပါဏ-အရ, ပါဏာတိပါတ-အရတို့ကို တိကျစွာ ကောက်ပြ၍၊ ဝိညတ္တိသမုဋ္ဌာပက စိတ္တသမ္ပယုတ္တဖြစ်သော အဘိဇ္ဈာ-စသည်ကို မနောကံ-ဟု ဆိုသင့်^မဆိုသင့် အကြောင်းပြ၍ ဆုံးဖြတ်ခဲ့ပါ။
၇။ လိင်အင်္ဂါကို ခွဲစိပ်၍ ယောက်ျားမှ မိန်းမသို့ ပြောင်းလဲပစ်နိုင်ရုံမျှဖြင့် ဘာဝရုပ်တို့ အပြောင်းအလဲဖြစ်,မဖြစ် စိစစ်ပြီး၊ (က) သယံသမ္ပတ္တိသပ္ပဋိဃရုပ် (ခ) နိဿယသမ္ပတ္တိသပ္ပဋိဃရုပ် (ဂ) ဥဘယသမ္ပတ္တိ သပ္ပဋိဃရုပ်တို့ကိုလည်း ဖော်ပြပါ။
၈။ အရိယသစ္စာ၏ အဓိပ္ပါယ်နှင့် သစ္စာ (၄)ပါးတို့၏မှန်ကန်ပုံကို အကျဉ်းအားဖြင့် ရေးသားပြီး၊ (က) သံကိလိဋ္ဌသစ္စာ (ခ) အသံကိလိဋ္ဌသစ္စာတို့ကို အကြောင်းပြ၍ ဖော်ပြပြီး၊ ဒုက္ခသစ္စာကို ရှေးဦးစွာ ဆိုရခြင်းအကြောင်းတို့ကို ဖြေဆိုပါ။
၉။ အတ္ထိပစ္စည်း၌ ရူပဇီဝိတိန္ဒြေကို သီးခြားဆိုရခြင်းအကြောင်းကို ရေး၍၊ သင်္ခါရုပေက္ခာဉာဏ်၏ သဘောသွားကို လောကူပမာဖြင့် ရှင်းပြပြီး၊ နိရောဓသမာပတ်ဝင်စားခိုက် စိတ်, စေတသိက်, စိတ္တဇရုပ်တို့ ချုပ်နေခြင်းသည် အဘယ်တရားတို့၏ အစွမ်းသတ္တိကြောင့် ဖြစ်ပါသနည်း? ဖြေဆိုပါ။
၁၀။ ဝီထိပိုင်းလာ အာဝဇ္ဇန်းကင်းလျက် ဖြစ်နိုင်သောစိတ်ကို ပြဆိုသော သင်္ဂဟပါဠိကိုရေး၍၊ (က) ဥဒ္ဓုမာတကံ (ခ) အဓိမောက္ခော စ ပဂ္ဂဟော-တို့ကို အနက်ပေးပါ။
တစ်ပုစ္ဆာလျှင် (၁၀)မှတ်စီ။
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
သီးခြားစာသင်တန်း။ ။ ဂါထာ မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၂) ရက် (၂၆-၂-၂၀၁၈) တနင်္လာနေ့
ခွင့်ပြုချိန် ။ ။၄-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၄းဝဝ နာရီအထိ)
------
၁။ အောက်ပါ ပါဠိဘာသာကို မြန်မာဘာသာ^မြန်မာဘာသာကို ပါဠိဘာသာ ပြန်ဆိုခဲ့ပါ။
(က) အဝိ (ခ ) မဒန (ဂ ) ဟီ (ဃ) သန (င ) သဒ္ဓ
(စ ) မှဲ့ (ဆ) စို့ (ဇ ) မုံ့ညက် (ဈ ) မြစ်ဆုံ (ည) ကြာဖြူ။
၂။ စရန္တာ သဟ သီလာဒီ သဗြဟ္မစာရိနော မိထု-၌ သဗြဟ္မစာရိနော-ပုဒ်ကို ဝိဂ္ဂဟပြုပြီး၊ မိထု-ပုဒ်ဖြင့် ပြအပ်သော ဒီပကတ္ထကို ရေးကာ၊ သာသနာစရိယ ပရသမယာစရိယ အားလျော်စွာ ဥပဇ္ဈာ-ကိုလည်း ဝိဂ္ဂဟပြု၍ ဂိုဏ်းကိုလည်း ညွှန်ပြခဲ့ပါ။
၃။ သုသိရ,ပဇ္ဇ-သဒ္ဒါတို့၏ ဟောနက်များကို လိင်နှင့်တကွ တွဲစပ်ဖော်ပြပြီး၊ အနည်းငယ်ဟောနိပါတ်, ဆုံးဖြတ်ခြင်းဟောနိပါတ်ပုဒ်တို့ကိုလည်း ထုတ်ပြခဲ့ပါ။
၄။ ကုလာစလာ ၇-မျိုးတို့တွင် တန်ခိုးကြီးသောနတ်မင်းကြီး၏ ကုလာစလကို အကြောင်းနှင့်တကွ ဖော်ပြ၍၊ ကမာ ဟေမန္တ ဂိမှာန ဝဿာနာ-၌ ဟေမန္တ-စသည်တို့၏ လိင်ကို ယုတ္တိပြ ဆုံးဖြတ်ပြီး၊ ၁၂-ရာသီကိုလည်း ဥတု ၆-ပါးဖြင့် သာဓကပြ ပိုင်းခြားပြခဲ့ပါ။
၅။ ကုသူလော သယမေဝ ဘိဇ္ဇတေ-ပုံစံ၌ ကမ္မကတ္တား ဖြစ်ပုံကို မောဂ္ဂလာန်အလို ဖြေရှင်းပြီး ယင်းဝါကျနှင့် အဓိပ္ပါယ်တူညီသော ကတ္တုဝါကျတခုကို ရေးပြကာ၊ ယင်းဝါကျ၌ သယံသဒ္ဒါ ထည့်ဆိုရခြင်း အကြောင်းကိုလည်း ရေးခဲ့ပါ။
၆။ ကမ္မကတ္တားရှိသကဲ့သို့ ကတ္တုကမ္မ ရှိနိုင်^မရှိနိုင် ပုံစံထုတ် ဖြေရှင်းပြပြီး၊ ဒဏ္ဍီ-ပုံစံ၌ အတ္ထစတုက္ကကို အသီးသီး ဝါဒစုံ အကြောင်းပြလျက် ထုတ်ပြ၍၊ ဝါစ္စတ္ထနှင့် အပေက္ခဏသတ္တိမရှိသော ပစ္စည်းကိုလည်း သာဓကပြ ထုတ်ပြခဲ့ပါ။
၇။ ပရိကပ္ပဝသာဒိနာ နိပ္ဖါဒေတဗ္ဗကမ္မံ-စကား၏ သန္ဓာယဘာသိတကို သာဓကနှင့်တကွ ဖြေပြပြီး၊ သဟဗ္ဗစနိစ္ဆာ-သဒ္ဒါကို ဖြစ်နိုင်ရာနှင့်တကွ ဖော်ပြ၍၊ သဝိဘတ္တိက ဧကသိသ်, အဝိဘတ္တိက ဧကသိသ်တို့ကို ဝါဒစုံ အကြောင်းပြလျက် ဖော်ပြခဲ့ပါ။
၈။ ဒွန်သမာသ်၏ ဧကတ္ထီဘောဖြစ်ပုံကို ဝါဒစုံ ရေးပြီး၊ ယင်းဝါဒတို့တွင် ယုတ္တတရ ဝါဒကိုလည်း အကြောင်းနှင့်တကွ ဖြေရှင်းဖော်ထုတ်၍၊ အာဘိဓမ္မိကော-တဒ္ဓိတ်၏ ဝါစ္စတ္ထကိုလည်း သုတ်အားလျှော်စွာ ညွှန်ပြခဲ့ပါ။
၉။ တဒ္ဓိတ်ပစ္စည်းရှိသော တဒ္ဓိတတ္ထဒိဂု, တဒ္ဓိတ်ပစ္စည်းမရှိသော တဒ္ဓိတတ္ထဒိဂု ပုံစံတို့ကို ထုတ်၍ ရုပ်ကျဉ်းစီရင်ပြပြီး၊ ကိတဘာဝေါ ဒဗ္ဗမိဝ-စကား၏ ယေဘုယျ ဖြစ်ကြောင်းကို ပြဆိုသော ကိတ်ဘောပုံစံကို ထုတ်ကာ နာမပဒမာလာ စဉ်၍ လိင်, ဝုစ် တို့ကိုလည်း ညွှန်းဆိုခဲ့ပါ။
၁၀။ ဂရုဝင်္ကော ပါဒန္တော-၌ ဝါသဒ္ဒါ၏ အနက်အားလျှော်စွာ စီရင်ပုံနှင့် လဟု သ ကွစိ ဝိညေယျော-၌ ကွစိသဒ္ဒါ၏ စီရင်ပုံတို့ကို ရေး၍၊ ဂိုဏ်း ၂-မျိုးတည်း ဖွဲ့စည်းထားသော ဂါထာတို့ကိုလည်း အမည်မျှ ဖော်ပြခဲ့ပါ။
တစ်ပုစ္ဆာလျှင် (၁၀)မှတ်စီ။
ဓမ္မာနုဂ္ဂဟစာမေးပွဲ (တတိယအကြိမ်)
သီးခြားစာသင်တန်း။ ။ ညဝါ မေးခွန်း
၁၃၇၉-ခု ၊ တပေါင်းလဆန်း (၁၃) ရက် (၂၇-၂-၂၀၁၈) အင်္ဂါနေ့
ခွင့်ပြုချိန် ။ ။၄-နာရီ (နေ့ ၁၂းဝဝ နာရီမှ ညနေ ၄းဝဝ နာရီအထိ)
----
၁။ သတ္တသတ္တာဟကို ရေတွက်ပြ၍၊ (၈)ခုမြောက် သတ္တာဟ၌ ဖြစ်ပေါ်လာသော အကြောင်းအရာကိုလည်း ဖြေဆိုပါ။
၂။ အသေက္ခာ ဓမ္မာ-၌ အသေက္ခအရ မယူရမည့်တရားကို ဖြေဆို၍၊ မဂ်လည်းမည် အဓိပတိလည်းမည် သော တရားကို ပြဆိုပြီး၊ ဥပ္ပန္နတိက်၌ အတိတ်ဖြစ်သော စိတ်, စေတသိက်, ရုပ်တရားတို့ကို တိက်မုတ် မထုတ်ရခြင်းအကြောင်းကို ဖြေဆိုပါ။
၃။ သညောဇနိယာ ဓမ္မာ သညောဇနဝိပ္ပယုတ္တာပိ-ဟူသော ဒုက်ပုဒ်၏ အရကို ကောက်ပြ၍၊ သဟေတုက ဒုက်၌ အဘယ်ဟိတ်ကို ရည်ရွယ်၍ ဆိုပါသနည်း? အကယ်၍ မရည်ရွယ်သော ဟိတ်ကို ရည်ရွယ်က အဘယ်သို့ အပြစ်ဖြစ်ပါသနည်း? ဖြေဆိုပါ။
၄။ ဣန္ဒြိယေသု အဂုတ္တဒွါရတာ-ဒုက်အရ လောဘမူကိုသာ မကောက်ယူမူ၍ အဘယ့်ကြောင့် ဒေါသမူကို လည်း ကောက်သနည်း? ဖြေဆို၍၊ ပဋိသင်္ခါနဗလံ-၌ ဗလသဒ္ဒါထည့်ဆိုရခြင်းအကြောင်းကို ဖြေဆိုပါ။
၅။ နယမုခမာတိကာ၌ ဆဟိ ဝိပ္ပယောဂေါ-ဟု မဟောဘဲ စတူဟိ ဝိပ္ပယောဂေါ-ဟု ဟောရခြင်းအကြောင်း ကို ဖြေဆို၍၊ သဝိတက္ကသဝိစာရာ ဓမ္မာ-ကို ဆဋ္ဌနယနှင့်အညီ ပုစ္ဆာ ဝိသဇ္ဇနာပြုလုပ်၍ အနက်ပေးပြပါ။
၆။ တတိယနယနိဒ္ဒေသ၌ ဟောတော်မူအပ်သော အဗ္ဘန္တရမာတိကာပုဒ်ပေါင်းမည်မျှရှိသည်ကို သင်္ချာမျှသာ ဖြေဆို၍၊ ဥပေက္ခိန္ဒြိယေန ယေ ဓမ္မာ-ကို အဋ္ဌမနယနှင့်အညီ အနက်ပေးပါ။
၇။ ယေ ကေစိ ဝိပါကာ ဓမ္မာ၊ သဗ္ဗေ တေ ဝိပါကမူလေန ဧကမူလာ-ကို ဝိဘင်းထုတ်၍ အရကောက်ပြပြီး၊ ပါဠိဂတိဝိဘင်းနှင့် ပဋိသေဓဝိဘင်းတို့၏ ထူးခြားချက်ကိုလည်း ဖြေဆိုပါ။
၈။ အကြင်ပုဂ္ဂိုလ်အား ရူပက္ခန္ဓာ ဖြစ်လတ္တံ့၊ ထိုပုဂ္ဂိုလ်အား ဝေဒနာက္ခန္ဓာဖြစ်လတ္တံ့လော? ဟူသောပုစ္ဆာကို ဝိဘင်းထုတ်၍ အရကောက်ပြပြီး၊ ဖြစ်လတ္တံ့, ချုပ်လတ္တံ့ နှစ်ပါးအထူးကိုလည်း ဖြေဆိုပါ။
၉။ ယဿ စက္ခာယတနံ ဥပ္ပဇ္ဇတိ၊ တဿ ဃာနာယတနံ ဥပ္ပဇ္ဇိဿတိ-ကို ဝိဘင်းထုတ်ပြပြီး၊ စက္ခု(၅)ပါးကို ရေတွက်ပြ၍၊ ဟော, မဟောသော စက္ခုတို့ကိုလည်း အကြောင်းပြ၍ ဖြေဆိုပါ။
၁၀။ သစ္စယမက ပဏ္ဏတ္တိ ပဒသောဓနမူလစက္ကဝါရ၌ နယ, မူလ, ယမက, ပုစ္ဆာ, အတ္ထတို့ကို သင်္ချာမျှရေတွက် ပြပြီး၊ အကြင်ပုဂ္ဂိုလ်အား ဒုက္ခသစ္စာဖြစ်ဆဲ၊ ထိုပုဂ္ဂိုလ်အား မဂ္ဂသစ္စာဖြစ်ဆဲလော? ဟူသောပုစ္ဆာကို ဝိဘင်းထုတ်ပြပြီး၊ နှစ်ဘက်ရတရားကိုသာ ကောက်ပြပါ။
တစ်ပုစ္ဆာလျှင် (၁၀)မှတ်စီ။
No comments:
Post a Comment