Saturday, 29 June 2019

ပထမကြီးတန်း (၁၃၈၁ နယုန်လဆုတ် ဂ )

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်
အပတ်စဉ် စာမေးပွဲ
ပထမကြီးတန်း။   ။ ဝိနည်း-စသည်မေးခွန်း
၁၃၈၁-ခု၊ နယုန်လပြည့်ကျော် (၈)ရက် (၂၅-၆-၂၀၁၉) အင်္ဂါနေ့
ခွင့်ပြုချိန်- ၃-နာရီ (မွန်းတည့် ၁၂-နာရီမှ ညနေ ၃-နာရီအထိ)

၁။ ဂရုဘဏ်အမျိုးအစား (၅)မျိုးတို့တွင် ပထမ, ဒုတိယ, တတိယ ဂရုဘဏ်အမျိုးအစားတို့ကို ဖော်ပြပြီး လောဟဝါရက-သံရေအိုး၏ ကုန်ကြမ်းဝတ္ထုတို့ကို ဖော်ပြ၍ ယင်းလောဟဝါရက-၏ ဂရုဘဏ် ထိုက်သော ပမာဏ^မထိုက်သော ပမာဏတို့ကိုလည်း ရေးခဲ့ပါ။
၂။ ရွှေပန်းထိမ်သမား၏ ဂရုဘဏ်ထိုက်သော ပစ္စည်း, လဟုဘဏ်ထိုက်သော ပစ္စည်းတို့ကို ခွဲခြားဖြေဆိုပြီး အရိုး, အစွယ်, သားချိုတို့ဖြင့် ပြုလုပ်နိုင်သောပစ္စည်း, မပြုလုပ်နိုင်သော ပစ္စည်းတို့ကိုလည်း ခွဲခြား ရေးသားခဲ့ပါ။
၃။ (က) ယမာနော သော (ပ) အတိအဋ္ဌိ။
(ခ ) နဋ္ဌက္ခရေသု (ပ) စပလာဝတ္တမိစ္စေတံ။
၄။ ဝိသေသနာမတော ကိဉ္စိ ဂဟေတွာ-၌ ဝိသေသနာမတို့ကို သိသာရုံမျှ ဖော်ပြပြီး ဂါထာနှင့်ဆန်း ကွဲပြားအောင် မည်သို့ ခွဲခြားမှတ်ရမည်ကိုလည်း ပြဆိုခဲ့ပါ။
၅။ စပလာအရိယာဂါထာလက္ခဏာအရ စတုတ္ထက, ဒုတိယက ဇ-ဂိုဏ်းတို့ကို ဂရုမဇ္ဈဂဖြစ်အောင် မည်သို့ရေးသားရမည်ကို ကျနစွာ ဖော်ပြ၍၊ အရိယာမျိုးဂါထာတို့ကို အကျဉ်း, မကျဉ်းမကျယ်, အကျယ်အားဖြင့် ရေတွက်ပြခဲ့ပါ။
၆။ ”ရှစ်ပစ္စည်း ကိုးမျိုး”ဟူရာ၌ “ရှစ်ပစ္စည်း”သရုပ်ကို သင်္ဂဟသာဓက အထောက်ပြ၍ ရေတွက်ပြပြီး သဟဇာတပစ္စည်း၏ ရုပ်သက်သက်၌ မဟာဘုတ် (၇)ပါးက ဥပါဒါရုပ် (၇)ပါးအား ကျေးဇူးပြုပုံပြ ပဥှာဝါရပါဠိတော်တို့ကိုသာ အပိုအလိုမရှိ ရေးသားခဲ့ပါ။
၇။ သဟဇာတပစ္စည်း၏ အကုသလာဗျာကတော အဗျာကတဿ-၌ ကတ္တားပုဒ်အရကိုသာ ဆိုရိုးကျ ကောက်ပြပြီး အညမညပစ္စည်း၏ ပဋိသန္ဓေအခါ ပစ္စည်းတရားက ပစ္စယုပ္ပန်တရားအား ကျေးဇူးပြုပုံပြ ပဥှာဝါရပါဠိတော်တို့ကိုလည်း တိကျမှန်ကန်စွာ ရေးသားပြပါ။

တစ်ပုစ္ဆာလျှင် (၁၀) မှတ်စီ။

No comments:

Post a Comment

ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်

ပရိယတ္တိသာသနဟိတအသင်း ၊ နယုန်လစာလျှောက်မေးခမ်း  အမျှဝေစာတမ်း (၁၃၂၄) ခုနှစ်