မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်
အပတ်စဉ်လေ့ကျင့်ခန်းစာမေးပွဲ
စာချတန်း ။ ။ ပါရာဇိကကဏ္ဍအဋ္ဌကထာမေးခွန်း ( ဒုတိယနေ့ )
၁၃၈၁ - ခုနှစ်၊ ပြာသိုလ်လဆန်း ( ၁၅ )ရက်၊ ( ၉ -၁-၂၀၂၀ ) ကြာသပတေးနေ့
ခွင့်ပြုချိန် ။ ။ ၄ - နာရီ ( နေ့လည် ၁၂-နာရီ မှ ညနေ ၄ - နာရီ အထိ )
=============
( က ) န တွံ တာတ သုဒိန္န ကိဉ္စိ ဒုက္ခဿ ဇာနာသီတိ တွံ တာတ သုဒိန္န ကိဉ္စိ အပ္ပမတ္တကမ္ပိ ကလဘာဂံ ဒုက္ခဿ န ဇာနာသိ။
( ခ ) အထ ဝါ ကိဉ္စိ ဒုက္ခေန နာနုဘောသီတိ အတ္ထော။
( ဂ ) ကရဏတ္ထေ သာမိဝစနံ၊ အနုဘဝနတ္ထေ စ ဇာနနာ။
၁။ သံဝဏ္ဏနာနှင့်အညီ သံဝဏ္ဏေတဗ္ဗပုဒ်တို့ကို မှန်ကန်စွာ အနက်ပေးပြပါ။
၂။ ( ခ )ဝါကျကို ဥပမာလင်္ကာရာနုသန္ဓေကျမ်းတက် ( ဂ )ဝါကျကို သာဘောဂပုစ္ဆာကျမ်းတက် ပြပါ။
၃။ ( ခ,ဂ )ဝါကျတို့ကို အကြောင်းပြ၍ ဝါကျအမည်များပေးခဲ့ပါ။
၄။ သာမိ - ၌ အစိတ် + အပေါင်းဝစနတ္ထပြု၍ အစိတ်ဝစနတ္ထကိုသာ ဉာသ်နည်းအရ ကောက်ပြ ခဲ့ပါ။
၅။ ဒုက္ခ၊ အပ္ပ၊ အတ္ထ၊ ကရဏ၊ အနုဘဝန - ပုဒ်တို့ကို ဓာတု,ပစ္စယ လိင်္ဂ ဂဏ ကာရန္တ-တို့ဖြင့် ဝေဖန်ပြပါ။
၆။ ( က ခ )ဝါကျတို့ကို အဋ္ဌကထာဆရာ၏ အာဘော်ကို ဖော်၍ သံဝဏ္ဏနာအမည်မျှ ပေးခဲ့ပါ။
၇။ သာမိ / သာမီ - ဟု ပါဌ်နှစ်ထွေရှိရာ သင့်ရာပါဌ်ကို ယုတ္တိပြ၍ ဆုံးဖြတ်ပြပါ။
၈။ ကရဏတ္ထေ - ၌ ဖြစ်သင့်သော နည်း,ဥပစာတို့ကို ဆိုရိုးကျ ရေးသားခဲ့ပါ။
၉။ အောက်ပါ မြန်မာစကားရပ်တို့ကို ပါဠိစုဏ္ဏိယသီကုံးပြခဲ့ပါ။
မွေးဖွားရာအခါမှ စ၍ ကလေးထိန်းတို့သည် ရင်ခွင်တစ်ခွင်မှ ရင်ခွင်သို့ ဆောင်၍ ချီပွေ့ ဆောင်ရွက်အပ်သည်ဖြစ်၍လည်းကောင်း မြင်းရုပ်ရထားကလေးအစရှိကုန်သော ကလေး ကစား ဖွယ်ရာရုပ်တို့ဖြင့် ကစားစေအပ်သည်ဖြစ်၍လည်းကောင်း သာယာအပ်သော အရသာရှိသောဘောဇဉ်ကို စားစေအပ်သည်ဖြစ်၍လည်းကောင်း ချမ်းသာသဖြင့် မွေးမြူ အပ်သော တစ်ယောက်တည်းသော သားတည်း။
၁၀။ န ဇာနာသိ - ၌ ဗာဟျတ္ထအရကို ယူ၍ လက္ခဏဟာရနေတ္တိနည်း ထုတ်ပြခဲ့ပါ။
တစ်ပုစ္ဆာလျှင် ( ၁၀ ) မှတ်စီ။
အပတ်စဉ်လေ့ကျင့်ခန်းစာမေးပွဲ
စာချတန်း ။ ။ ပါရာဇိကကဏ္ဍအဋ္ဌကထာ ( ဒုတိယနေ့ )အဖြေ
၁၃၈၁ - ခုနှစ်၊ ပြာသိုလ်လဆန်း ( ၁၅ )ရက်၊ ( ၉ -၁-၂၀၂၀ ) ကြာသပတေးနေ့
ခွင့်ပြုချိန် ။ ။ ၄ - နာရီ ( နေ့လည် ၁၂-နာရီ မှ ညနေ ၄ - နာရီ အထိ )
===================================================
၁။ အဖြေ
တာတ သုဒိန္န - ချစ်သားသုဒိန်၊ တွံ - သင်သည်၊ ကဿစိ - တစ်စုံတစ်ခုသော၊ ဒုက္ခဿ - ဒုက္ခဖြင့်၊ ဝိသယံ - အာရုံကို၊ အနနုဘူတတ္တာ - မခံစားခဲ့ဖူးသည်၏အဖြစ်ကြောင့်၊ အတ္တနာ - မိမိ သည်၊ ( ဝါ ) ကိုယ်တိုင်။ အနုဘူတံ - ခံစားခဲ့ဖူးသော၊ အပ္ပမတ္တကမ္ပိ - အနည်းငယ်မျှလည်းဖြစ်သော၊ ဒုက္ခဿ -ဒုက္ခံ ၊ ဆင်းရဲကို။ ပရိယေသမာနောပိ - ရှာဖွေေသော်လည်း၊ အဘာဝတော - မရှိခြင်း ကြောင့်လည်းကောင်း၊ ကိဉ္စိ - သော၊ ဒုက္ခဿ - ကို၊ န ဇာနာသိ- မအောက်မေ့စဖူး။
၂။ အဖြေ
( ခ )ဝါကျသို့ ဥပမာလင်္ကာရာနုသန္ဓေကျမ်းတက်
ဤသို့ ( က )ဖြင့် ဒုက္ခဿ၌ ဆဋ္ဌီသ၏ သမ္ဗန်အနက်ကို ဟောသည်၏အဖြစ်ကိုလည်းကောင်း၊ ဇာနာသိ၌ ဉာဓာတ်၏ ဗောဓနအနက်ကို ဟောသည်၏အဖြစ်ကိုလည်းကောင်း၊ ဖွင့်ဆိုတော်မူပြီး၍၊ ယခုအခါ၌ သပ္ပိနော ဇာနာတိ၊ မဓုနော ဇာနာတိ - အစရှိသောပုဒ်တို့ကဲ့သို့ ( ဥပမာလင်္ကာရ) ဒုက္ခဿ၌ ဆဋ္ဌီသ၏ကရိုဏ်းအနက်နှင့် ဇာနာသိ၌ ဉာဓာတ်၏ အနုဘဝနအနက်ဟောသည်၏အဖြစ် ကို ဖွင့်ပြခြင်းငှါ ( ခ )ဝါကျကို မိန့်။ ( ၅ - မှတ် )
( ဂ )ဝါကျသို့ သာဘောဂပုစ္ဆာကျမ်းတက်
အရှင် သည် ( ခ )ဖြင့် ဒုက္ခဿ၌ ဆဋ္ဌီသ၏ ကရိုဏ်းအနက်နှင့် ဇာနာသိ၌ ဉာဓာတ်သည် အနုဘဝနအနက်ကို ဟော၏ဟု ဖွင့်ဆိုတော်မူ၏။
ပါဠိတော်၌ ဒုက္ခဿ ဇာနာသိ - ဟု သာမညအားဖြင့် ဟောထားသည်မဟုတ်ပါလော။ (ဝါ ) ဟောထားသောကြောင့် ဒုက္ခဿ၌ ဆဋ္ဌီသ၏ ကရိုဏ်းအနက်ကို ဟောခြင်းနှင့် ဇာနာသိ၌ ဉာဓာတ်၏ အနုဘဝနအနက်ဟော၏ဟု မဖွင့်ဆိုသင့်သည်မဟုတ်ပါလော။
ယင်းသို့ဖြစ်ပါလျက် ဒုက္ခဿ၌ ဆဋ္ဌီသ၏ ကရိုဏ်းအနက်နှင့် ဇာနာသိ၌ ဉာဓာတ်သည် အနုဘဝနအနက်ကို ဟော၏ဟု ဖွင့်ဆိုသော ဆရာစကားသည် အသို့လျင် သင့်ရာပါအံ့နည်း။ ဤသို့ စုဒ်ကြောင့် ( ဂ )ကို မိန့်။
အဓိပ္ပါယ်ကား ။ ( င )ဖြင့် ပါဠိတော်၌ ( ပ ) ဟောထားသည်ကား မှန်ပါ၏။ ထိုသို့ပင်မှန်ပါသော် လည်း ဒုက္ခဿ၌ ဆဋ္ဌီသ၏ ကရိုဏ်းအနက်၌ ဖြစ်၍၊ ဇာနာသိ၌ ဉာဓာတ်၏ အနုဘဝနတ္ထ၌ ဖြစ်သောကြောင့် ဒုက္ခဿကို ဒုက္ခေန - ဟုလည်းကောင်း၊ ဇာနာသိ၌ ဉာဓာတ်သည် အနုဘဝန အနက်ကို ဟော၏ဟုလည်းကောင်း ဖွင့်အပ်၏ဟု ငါပြဆိုပါ၏ဟူလို။ ( ၅ - မှတ် )
၃။ အဖြေ
( ခ ) ပက္ခန္တရဝါကျ၊ အကြောင်းကား - ဒုက္ခဿ၌ ဆဋ္ဌီသ၏ သမ္ဗန်အနက်၊ ဇာနာသိ၌ ဉာဓာတ်၏ ဗောဓနအနက်၊ ကိဉ္စိနောင် ဒုတိယာဝိဘတ်ကျေနေသည်မှတပါး ဆဋ္ဌီသ၏ ကရဏအနက်၊ ဉာဓာတ်၏ အနုဘဝနအနက် ကိဉ္စိနောင် ဆဋ္ဌီကျေနေခြင်းဟူသော အဖို့တပါးကို ပြသောကြောင့်တည်း။ ထို၍ ( က ) သည် ပက္ခဝါကျ။ ( ၅ - မှတ် )
( ဂ ) ဒဠှီ / ကာရဏဝါကျ၊ အကြောင်းကား - ပါဠိတော်၌ ဒုက္ခဿကို ဒုက္ခေန၊ ဇာနာသိကို အနုဘောသိ - ဟု ဖွင့်ဆိုခြင်း၏အကြောင်းကို ပြသောကြောင့်တည်း။ ထို၍ ( ခ ) ဒဠှိယ/ ဖလဝါကျ။
( ၅ - မှတ် )
၄။ အဖြေ
သဿ အတ္တနော ဣဒန္တိ သံ။ ဝါ - သဿ အတ္တနော အယန္တိ သော။ (အစိတ်)
သံ ဓနံ အဿ အတ္ထီတိ သာမိ။ ( အပေါင်း ) ( ၄ - မှတ် )
သဿ အတ္တနော၊ မိမိ၏။ ဣဒံ၊ ဥစ္စာတည်း။ ဣတိတသ္မာ၊ ထိုကြောင့်။ သံ၊ သမည်၏။
သဿ အတ္တနော ဣဒံ - ကား ဣဒံတဒ္ဓိတ်ဝိဂြိုလ်။ သံ - ကား ဣဒံတဒ္ဓိတ်ပုဒ်။ ( သပုဒ် + ဏပစ္စည်း)
သ - တဒ္ဓိတ်ပုဒ်၏အရကား မိမိဟူသော ဥစ္စာရှင်သည် မုချ။
ထို၏ ဥစ္စာနှင့် သာမီ + သံ စပ် ဌာနူပစာ။
ဏ - အရကား ထို-သော ဥစ္စာရ၏။ ( ၆ - မှတ် )
၅။ အဖြေ
ဒုက္ခ - ဒုက္ခ + အ။ ဒု- ခါဒ + ကွိ။ နပုံလိင်၊ စိတ္တာဒိ၊ အကာရန္တ။
အပ္ပ - အပ + ပ။ နပုံလိင်၊ စိတ္တာဒိ၊ အကာရန္တ။
ကရဏ - ကရ + ယု။ ပုံ - နပုံလိင်၊ ပုရိသာဒိ - စိတ္တာဒိ၊ အကာရန္တ။
အနုဘဝန - အနု- ဘူ + ယု။ နပုံလိင်၊ စိတ္တာဒိ၊အကာရန္တ။
အတ္ထ - အရ + ထ။ အသ + ထ။ ပုံ - နပုံလိင်၊ ပုရိသာဒိ - စိတ္တာဒိ၊ အကာရန္တ။
၆။ အဖြေ
(က)ဝါကျ အပ္ပမတ္တကံ- ဖြင့် ကိဉ္စိနိပါတ်ပုဒ်၏ အပ္ပမတ္တက- အနည်းငယ်အနက်ကိုဟော-၎င်း၊ (နိပါတလိင်္ဂတ္ထ) ယင်းကိဉ္စိနောင် ဒုတိယာ အံ - ကျေနေသည် -၎င်း၊ (ဘာဝတ္ထ - ဝိဘတ္တိဒကဒ) ယင်းကျေေနေသော အံ-၏ ကံအနက်ကိုဟော - ၎င်း( ဝိဘတျတ္ထ ) သိစေပါသည်။
ကလဘာဂံ-ဖြင့် အပ္ပမတ္တက-အနည်းအငယ်အရ တစ်ဆယ့်ခြောက်စိပ်၏ တစ်စိပ်သော အဖို့ကိုယူ (ဝါ) အနည်းငယ်ဟူသည် တစ်ဆယ့်ခြောက်စိပ်၏ တစ်စိပ်သောအဖို့ပင်တည်းဟု သိစေပါသည်။ ( အဘိဓေယျတ္ထ၊ ဘာဝတ္ထ )
ဒုက္ခဿ - ဖြင့် ဆဋ္ဌီဝိဘတ်၏ ကရိုဏ်းအနက်၌ မသက်၊ သာမိအနက်၌ သက် - ၎င်း(ဝိဘတျတ္ထ)၊ ဒုက္ခဿ-ပုဒ်ကို ကိဉ္စိ-ပုဒ်၌ အဝယဝီ +အဝယဝသမ္ဗန် စာစပ် - ၎င်း(သမ္ဗန္ဓ)၊ ကလဘာဂံကား ပါဌသေသ၏ အဖြစ်ကို၎င်း၊ ဒုက္ခဿကို ကလဘာဂံ၌ စပ် - ၎င်း သိစေပါသည်။
( ဘာဝတ္ထ)
(က)တစ်ဝါကျလုံးဖြင့် န တွံ စသောဝါကျကို သဒ္ဒက္ကမအားဖြင့် အနက်မပေးအပ်၊ အတ္ထက္ကမ အားဖြင့် အနက်ပေးရမည် - ဟု သိစေပါသည်။ (ဘာဝတ္ထ) ( ၅ - မှတ် )
( ခ)ဝါကျ ဒုက္ခေန-ဖြင့် ဒုက္ခဿ၌ ဆဋ္ဌီသ၏ သမ္ဗန်အနက်၌ မသက်၊ ကရိုဏ်းအနက်၌ သက်- ၎င်း(ဝိဘတျတ္ထ)၊ ဒုက္ခဿကို နဇာနာသိ- ကြိယာ၌ ကရိုဏ်း+ကရိုဏ်၏ ကြိယာအဖြစ်ဖြင့် စပ်-၎်ငး (သမ္ဗန္ဓ)၊ ကိဉ္စိပုဒ်ကို ဒုက္ခဿ၌တုလျာဓိကရဏဝိသေသန + သျ စပ်-၎င်း( သမ္ဗန္ဓ )၊ ယင်းကိဉ္စိပုဒ်ကား ( ကဿစိ-ဟူလိုလျက် ) ဆဋ္ဌီသကျေနေသည် - ၄င်း။(ဝိဘတ္တိပဒ)
နာနုဘောသိ-ဖြင့် န-ပုဒ်ကို ဇာနာသိ-ပုဒ်၌ စပ် -၎င်း(သမ္ဗန္ဓ)၊ ဇာနာသိ-၌ ဉာဓာတ်၏ အနုဘဝနအနက်ကို ဟော - ၎င်း သိစေပါသည်။ (ဓာတွတ္ထ)
(ခ)တစ်ဝါကျလုံးဖြင့် န တွံ စသောဝါကျကို သဒ္ဒက္ကမအားဖြင့် အနက်မပေးအပ်၊ အတ္ထက္ကမအားဖြင့် အနက်ပေး - ရမည် ဟု သိစေပါသည်။( ဘာဝတ္ထ) ( ၅ - မှတ် )
၇။ အဖြေ
သာမိ / သာမီ နှစ်ပဌ်လုံးသင့်ပါသည်။
အကြောင်းကား - သံ ခနံ အဿ အတ္ထီတိ သာမီ၊ အာမီ၊ ဒီဃာဒိ၊ ရဿတ္ထေ သာမိတိပိ - ဟူသော (ဓာန်-ဋီ၊ ၇၂၅)ကို ထောက်၍ အာမီ၌ ဤကို ရဿပြုလျှင် သာမိ၊ မပြုလျှင် သာမီ - ဟု ရုပ်ပြီးသောကြောင့်တည်း
၈။ အဖြေ
ကရဏတ္ထေ ၌ ဖလူပစာ၊
အကျိုး - ကရိုဏ်းအနက်၏ ကရဏတ္ထေ - ဟူသောအမည်ကို
အကြောင်း - ဒုက္ခသဒ္ဒါ၌ တင်။ အဝိနာဘာဝနည်း။
( ကာရဏူပစာ၊ နာနန္တရိကနည်းကိုလည်း အမှတ်ပေးပါ)
၉။ အဖြေ
ဇာတကလတော ပဘုတိ ဓာတီဟိ အင်္ကတော အင်္ကံ ဟရိတွာ ဓာရိယမာနော အဿကရထကာဒီဟိ ဗာလကီဠနကေဟိ ကီဠမာနော သာဒုရသဘောဇနံ ဘောဇိယမာနော သုခေန ပရိဟတော။
၁၀။ အဖြေ
လက္ခဏဟာရနေတ္တိထုတ်ပုံ
လက္ခဏဟာရဟူသော်ကား လက္ခိယန္တိ ဧတေန အဝုတ္တာပိ ဓမ္မာတိ လက္ခဏံ၊ လက္ခဏဉ္စ တံ ဟာရော စာတိ လက္ခဏဟာရော- ဟူသော ဝစနတ္ထနှင့်အညီ သုတ်၌ဟောအပ်သောတရားနှင့် ဧကလက္ခဏ, သဟစာရီ, သမာနကိစ္စ, သမာနဟေတု, သမာနဖလ, သမာနာရမ္မဏ, ဇာတ်, ဂုဏ်, ကြိယာ,ဒြပ်, နာမ်အားဖြင့်တူသော မဟောအပ်သောတရားတို့ကိုလည်း မှတ်ကြောင်းဖြစ်သော ကြောင့် လက္ခဏဟာရမည်၏။ ( ၃ - မှတ် )
အဘယ်သို့ မှတ်အပ်သနည်းဟူမူကား - နဇာနာသိ-၌ ဗာဟျတ္ထအရ အရှင်သုဒိန်၏ ခန္ဓာငါးပါးကို ယူ၍ ၊ ထိုခန္ဓာငါးပါးကိုယူသဖြင့် ထိုနှင့် အနိစ္စစသောလက္ခဏာတူသောကြောင့် လည်းကောင်း၊ ထိုနှင့် တကွဖြစ်လေ့ရှိသောကြောင့်လည်းကောင်း၊ ထိုနှင့် မိမိတို့ကိစ္စကို ပြီးစေခြင်း တူသောကြောင့်လည်းကောင်း၊ ထိုနှင့် အဝိဇ္ဇာစသောအကြောင်း, ဟေတုပစ္စည်းစသော အကြောင်း တူသောကြောင့်လည်းကောင်း၊ ထိုနှင့် ဟေတုပစ္စည်း၏ ပစ္စယုပ္ပန်စသော အကျိုးတူသောကြောင့် လည်းကောင်း၊ ထိုနှင့် အာရမ္မဏ,အနာရမ္မဏအဖြစ်တူသောကြောင့်လည်းကောင်း၊ ထိုနှင့် ရုပ္ပန, နမနဇာတ်တူသောကြောင့်လည်းကောင်း၊ ထိုနှင့် ဟီန,ပဏီတစသော ဂုဏ်တူသောကြောင့် လည်းကောင်း၊ ထိုနှင့် ထိုထိုအမူအရာကြိယာတူသောကြောင့်လည်းကောင်း၊ ထိုနှင့် ပရမတ္ထဓမ္မဒြပ် တူသောကြောင့်လည်းကောင်း၊ ထိုနှင့် ပရမတ္ထဓမ္မအမည်တူသောကြောင့်လည်းကောင်း၊ အာယတန, ဓာတ်, သစ္စာ, ဣန္ဒြေတို့ကိုလည်း ယူအပ်ကုန်၏။ ( ၇ - မှတ် )
ဤသို့ သုတ်၌မလာသောတရားတို့ကို ဧကလက္ခဏာစသောအားဖြင့် မှတ်ကြောင်းဖြစ်သော ကြောင့် လက္ခဏဟာရမည်၏ ဟူလို။
No comments:
Post a Comment